ပူတာအိုဒေသသည် ဝေးလံခေါင်းပါးသည့်ဒေသဖြစ်၍ သွားလာမှုများအဆင်ပြေချောမွေ့စေရန်နှင့်ဒေသဖွံဖြိုးတိုးတက်ရန် နိုင်ငံတော်မှဦးစားပေးဆောင်ရွက်ပေးသွားမည်

0
262

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်မြို့မိမြို့ဖများအား နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ ဒီဇင်ဘာ ၁၄ ရက်ကတွေ့ဆုံ၍ အမှာစကား ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

ပူတာအိုဒေသသည် ဝေးလံခေါင်းပါးသည့် ဒေသဖြစ်၍ သွားလာမှုများအဆင်ပြေချောမွေ့စေရန် နိုင်ငံတော်မှဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။ထို့ကြောင့် ဒေသခံများအနေဖြင့် မိမိတို့ဒေသဖွံ့ ဖြိုးတိုးတက်ရန် တတ်နိုင်သည့်ဘက်မှဆောင် ရွက်ရန်လိုသည်ဟု မှာကြားသည်။

ပူတာအိုဒေသသည် ထူးခြားသည့်ဝိသေသရှိသည့် ဒေသတစ်ခုဖြစ်ကာ အေးမြသည့်ရာသီဥတုရှိပြီး သဘာဝအလှတရားများဖြင့် ပြည့်စုံနေသော ဒေသတစ်ခုဖြစ်၍ ခရီးသွားဒေသအဖြစ် ဆောင်ရွက်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်သည်။

“ပူတာအိုဒေသမှာ ထူးခြားမှုအနေနဲ့ ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ ကျောက်လုံးတွေကိုစီပြီးကာရံထားတဲ့ ကျောက်လုံးစီခြံစည်းရိုးတွေလည်းရှိပါတယ် အဲဒီ ကျောက်လုံးစီခြံစည်းရိုးတွေကို လမ်းအလိုက်၊ရပ်ကွက်အလိုက် စည်းကမ်းသတ်မှတ် ချက်တွေချမှတ်ပြီး စနစ်တကျလှပသပ်ရပ်ထူး ခြားတဲ့မြင်ကွင်းတစ်ခုအဖြစ်ဆောင်ရွက်ရင် ဒေသရဲ့ Land Mark တစ်ခုဖြစ်ပြီး ပြည်တွင်း၊ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် နစက ဥက္ကဋ္ဌမှ ဒေသတွင်းဆန်ဖူလုံမှုရှိရန် တစ်ဧကချင်းအထွက်နှုန်းများတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ကာ Quality ကောင်းမွန်သည့် အထွက်တိုးစပါးများစိုက်ပျိုးရန်၊ဒေသနှင့်ကိုက်ညီသည့် ဟင်းသီးဟင်းရွက်များ၊အသီးအနှံများစိုက်ပျိုးရန်၊မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျမွေးမြူရန်တို့ကိုလည်း မှာကြားခဲ့သည်။

“စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက ထွက်ရှိလာတဲ့ အသား၊ငါး၊ဟင်းသီးဟင်းရွက်တွေကို တန်ဖိုး မြှင့်ထုတ်ကုန်တွေအဖြစ်ထုတ်လုပ်ပြီး တခြားဒေသတွေနဲ့ ပြည်ပကိုတင်ပို့ရောင်းချရင် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဂရိတ်ဖရုသီးများအား အရည်အသွေးကောင်းမွန်စွာ အရေအတွက်များများစိုက်ပျိုးထုတ်လုပ်နိုင်ရန် နည်းပညာများဖြင့် စနစ်တကျသုတေသနပြု စိုက်ပျိုး၍ လက်ဖက်နှင့်ကော်ဖီများကိုလည်း စိုက်ပျိုးပြီး စိုက်ပျိုးမှုလုပ်ငန်းများဖြင့် ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်မည်ဟု ဆိုသည်။

ထို့အတူ နစက ဥက္ကဋ္ဌသည် ပူတာအိုဒေသတွင်းရှိကျောင်းနေအရွယ်ကလေးငယ်များ ပညာရည်မြင့်မားတိုးတက်စေရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ရန်လည်း တိုက်တွန်းအား​ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here