လျော်ကြေးတောင်းရာမှစကားများကာ သားအမိနှစ်ဦးဓားဖြင့်ခုတ်ခံရပြီး မိခင်ဖြစ်သူလတ်ပြတ်သွားခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

0
270

ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်၊လောပိတ (ရှမ်းရွာ)တွင် ဒီဇင်ဘာ ၁၄ ရက်ညနေပိုင်းက ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းမှ သိရသည်။

ယင်းနေ့ညနေ ၄ နာရီကျော်ခန့်က လွိုင်ကော်မြို့နယ်၊လောပိတ(ရှမ်းရွာ)တွင် နိုဝင်ဘာလကဖြစ်ပွားခဲ့သည့် ဆိုင်ကယ်နှင့်ကားမတော်တဆဖြစ်စဥ်အတွက် မောင်စိုင်းထက်ကျော်(၁၉)နှစ်နှင့် ဒေါ်နန်းအောင်(၅၅)နှစ်(သားအမိ)တို့မှ လျော် ကြေးလာတောင်းစဥ် စကားများရာမှသားအမိနှစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဓားဖြင့်ခုတ်ခံရမှုကြောင့် ဒေါ်နန်းအောင်မှာ လက်ကောက်ဝတ်အထက်ပိုင်းမှပြတ်ထွက်ပြီး ဓားခုတ်ဒဏ်ရာများ၊မောင်စိုင်းထက်ကျော်၏ နောက်စေ့နှင့်မျက်ခုံးတို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် အခင်းဖြစ်နေရာအနီးနေသူများမှ လောပိတတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“တိုက်နယ်ဆေးရုံမှာ ဓားခုတ်ခံထားရတဲ့နှစ်ယောက်သွေးထွက်လွန်နေတယ် ဆေးရုံလွှဲပြောင်းပေးဖို့လိုတယ်ဆိုတာနဲ့ကျွန်တော်တို့အသင်းက သွားသယ်ပေးခဲ့တာပါ ဒေါ်နန်းအောင်ရဲ့ပြတ်သွားတဲ့လက်တစ်ဖက်က အခင်းဖြစ်တဲ့နေရာမှာကျန်ခဲ့တယ်လို့ပြောတယ် ဆရာဝန်တွေကတော့ တာဝန် ရှိတဲ့လူတွေကိုသွားယူခိုင်းထားတယ်”ဟု ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်း ဒု-ဥက္ကဋ္ဌကပြော သည်။

လက်ရှိအချိန်၌ ဓားဒဏ်ရာများရရှိခဲ့သည့် သား အမိနှစ်ဦးသည် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကာ ဒေါ်နန်းအောင်ကိုလည်း ခွဲစိတ်ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

“ဒေါ်နန်းအောင်ကိုတော့ ဆရာဝန်ကြီးတွေက ခွဲ စိတ်ကုသပေးနေတယ်”ဟု ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်း ဒု-ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here