မြောက်ကိုရီးယားသည်နျူစမ်းသပ်ရန်အဆင်သင့်ဖြစ်နေပြီဟု တောင်ကိုရီးယားဝန်ကြီးချုပ်ဆို

0
199

စကိုင်းနူးစ်သတင်းဌာန၏ဖော်ပြချက်အရ မြောက်ကိုရီးယားသည် ရက်ပိုင်းအတွင်းနျူစမ်းသပ်မှုပြုလုပ်နိုင်ကြောင်းသိရှိရသည်။

တောင်ကိုရီးယားဝန်ကြီးချုပ် Han Duck-soo ကလည်း မကြာမီကာလအတွင်း အကောင်အထည်ဖော်နိုင်ကြောင်း ပြောကြားခဲ့ပြီး အချိန်အတိအကျပြောရန်ခက်သော်လည်း အဆင်သင့်ဖြစ်နေပြီဟူသည့်အချက်ကိုမူ ရရှိထားသောသတင်းများအရ အခိုင်အမာသိရှိရသည်ဟုဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကိုရီးယားဘက်မှ တုံ့ပြန်နိုင်ရန်အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သော်လည်း မည်သို့မည်ပုံတုံ့ပြန်မည်ကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။

“မလိုလားအပ်တဲ့အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပါ၊ဒါပေမဲ့အတတ်နိုင်ဆုံးတော့ ဖြစ်နိုင်သမျှနည်းအကုန်သုံးပြီး တားဆီးမှုမျိုးပဲလုပ်ချင်ပါတယ်” ဟု၎င်းကဆိုခဲ့သည်။

အမေရိကနှင့်တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အကြောင်းပြုလျက် မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုပေါင်းများစွာပြုလုပ်ကာ ကမ္ဘာပေါ်၌ အင်အားအပြင်းဆုံးနျူပိုင်ဆိုင်ရေးသည် နိုင်ငံ၏အဓိကရည်မှန်းချက်ဖြစ်သည်ဟု ကင်မ်ကပြောကြားခဲ့သည်။

နျူစွမ်းအားသည် တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့်ဂုဏ်သိက္ခာအတွက်အရေးပါသည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here