ရာထူးမှ နုတ်ထွက်ပြီးနောက် မိန့်ခွန်းပြောခြင်းဖြင့် ပေါင်တစ်သန်းကျော် ရရှိနေသည့် ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်

0
229

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ရာထူးမှ နုတ်ထွက်ပြီးနောက် မိန့်ခွန်းလိုက်လံ ဟောပြောခြင်းဖြင့် ဝင်ငွေ စတာလင်ပေါင် ၁ သန်းကျော် (အ မေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း) ရရှိထားကြောင်း ဗြိတိန်ပါလီမန် အမတ်များ၏ တရားဝင် ဝင်ငွေ စာရင်းမှတ်တမ်းက ထုတ်ဖော်ပြသခဲ့သည်။

စကားပြော အလွန်ကောင်းသည်ဟူ၍ နာမည်ကြီးသော ဂျွန်ဆင်သည် ပြီးခဲ့သည့် လများအတွင်း နူးယော့ခ်ရှိ ဘဏ်လုပ်ငန်းများ၊ အမေရိကရှိ အာမခံကုမ္ပဏီများ၊ စီအင်န်အင်န် သတင်းဌာနက ဦးစီးကျင်းပသော ပေါ်တူဂီရှိ ထိပ်သီးအစည်းအဝေးနှင့် အိန္ဒိယရှိ အခြားသော ဟောပြောပွဲများသို့ သွားရောက် ဟောပြောခဲ့သည်။

ဟောပြောပွဲတစ်ခုလျှင် စတာလင်ပေါင်၂ သိန်း ၁ သောင်း ကျော်မှ ၂ သိန်း ၇ သောင်းကျော်အထိ အခကြေးငွေ ရရှိကြောင်း ဗြိတိန်ပါလီမန် ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ထားသော တရားဝင် စာရွက်စာတမ်းအရ သိရသည်။

ဂျွန်ဆင်သည် သူ၏အစိုးရနှင့် ဝန်ကြီးချုပ်ရာထူးကို ညှိုးနွမ်းစေသော မဟာ အရှုပ်တော်ပုံသတင်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီးနောက် ယခုနှစ် ဇူလိုင်လတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။

သူ၏ နေရာကို ဆက်ဆံသူ လဇ်ထရပ်သည်လည်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဂျွန်ဆင်သည် ကိုယ်စားလှယ်လောင်း အဖြစ် ပြန်လည်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တိုရီပါလီမန်အဖွဲ့ဝင်များက ရီရှီး ဆူနက်ကိုသာ ထောက်ခံခဲ့သည်။

သို့ရာတွင် ဂျွန်ဆင်သည် ဇွဲမလျှော့သေးကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင်လည်း ဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ယူနိုင်ရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here