ဆီမီးဖိုင်နယ်ရှုံးပွဲအပြီး ဘရပ်ဆဲလ်၌မော်ရိုကိုပရိသတ်နှင့်ရဲများ အဓိကရုဏ်းအနည်းငယ်ဖြစ်ပွား

0
103

ဘရပ်ဆဲလ်၊ဒီဇင်ဘာ ၁၅

ပြင်သစ် – မော်ရိုကို ဆီမီးဖိုင်နယ်ပွဲစဉ်၌ နှစ်ဂိုး – ဂိုးမရှိဖြင့် ပြင်သစ်အသင်းအားရှုံးနိမ့်ပြီးနောက် ဘရပ်ဆဲလ်ရှိ မော်ရိုကိုပရိသတ်များနှင့် လုံခြုံရေးရဲများ အဓိကရုဏ်းအနည်းငယ်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ပွဲစဉ်အပြီး၌ မော်ရိုကိုပရိသတ် တစ်ရာခန့်က ဘရပ်ဆဲလ်ရဲအရာရှိများနှင့် အချင်းများခဲ့ကြခြင်းဖြစ်ကာ ၎င်းတို့အနက်အချို့မှာ မော်ရိုကိုအလံအား ခြုံထားသည်ဟုဖော်ပြထားသည်။

အဆိုပါပရိတ်သတ်များသည် Brussels South ဘူတာအနီး၌စုရုံးကာ အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံများဝတ်ထားသည့် ရဲအရာရှိများထံ မီးရှူးမီးပန်းများ၊အခြားအရာများဖြင့်ပစ်ပေါက်ခဲ့ပြီး အမှိုက်အိတ်များနှင့် ကတ္ထူပုံးတစ်ချို့အား မီးရှို့ခဲ့ကြသည်ဟုဆိုသည်။

အဆိုပါအခြေအနေအားထိန်းသိမ်းနိုင်ရန် လုံခြုံရေးရဲများက ရေအမြှောက်များ၊မျက်ရည်ယိုဗုံးများအားအသုံးပြုကာ လူစုခွဲထိန်းသိမ်းခဲ့ကြောင်းသိရှိရသည်။

ယင်းပရိသတ်များထဲမှအချို့အား ရဲများကထိန်းသိမ်းနိုင်ခဲ့ပြီး ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးမှုမျိုးမဖြစ်ခဲ့ကြောင်းလည်းဖော်ပြထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here