ရုရှား-ယူကရိန်း အကျဉ်းသားဖလှယ်ရာမှာ အမေရိကန်နိုင်ငံသားတစ်ဦး ပါဝင်လွတ်မြောက်လာ

0
149

ရုရှားနှင့် ယူကရိန်း အကျဉ်းသားများ ဖလှယ်ရာတွင် ဇွန်လကတည်းက ဖမ်းဆီးခံခဲ့ရသော အမေရိကန်နိုင်ငံသားတစ်ဦးလည်း ပါဝင်လွတ်မြောက်လာကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက သူ၏ ညစဉ်ပြောကြားနေကျ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

အဆိုပါ အမေရိကန်နိုင်ငံသားမှာ Seudi Murekezi ဆိုသူဖြစ်ကြောင်း မစ္စတာဇယ်လန်းစကီး၏ ထိပ်တန်းအကြံပေးတစ်ဦးက တွစ်တာတွင်ရေးသားခဲ့သည်။

ယင်းကိစ္စအပေါ် အတည်ပြုရန်ကို အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းဆန်ခဲ့သော်လည်း “ဒီသတင်းကိုတော့ ကျွန်တော်တို့ သေချာပေါက်ကြိုဆိုပါတယ်”ဟု သတင်းထောက်များအားပြောကြားခဲ့သည်။

လူမှုကွန်ရက်တွင် တင်ထားသော ပို့စ်တစ်ခုအရမူ Seudi Murekezi သည် အမေရိကန်လေတပ်စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး၊ အဖမ်းမခံရမီ ယူကရိန်းပြည်သူများကို ကူညီခဲ့သူဖြစ်ကြောင်းသိရသည်။

Seudi Murekezi ကို ဒွန်းနက်စ်ဒေသတွင် ပြီးခဲ့သည့် ဇွန်လအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရုရှား Tass သတင်းဌာနက ရေးသားခဲ့သည်။

Ref: Suedi Murekezi: Russia frees US man in Ukraine prisoner swap(BBC)


LEAVE A REPLY

Please enter your comment!
Please enter your name here