ရခိုင်ပြည်နယ်အတွက် ထုတ်ပေးထားသည့် ထောက်ပံ့ငွေ (၁၀) ဘီလီယံအား ပြည်ထောင်စုသို့ ပြန်လည်ပေးဆပ်ရန်မလိုဟု နစက ဥက္ကဋ္ဌပြောကြား

0
183

ရခိုင်ပြည်နယ်အတွက် ထုတ်ပေးထားသည့် ထောက်ပံ့ငွေကျပ် ၁၀ ဘီလီယံအား ပြည်ထောင်စုသို့ ပြန်လည်ပေးဆပ်ရန်မလိုဘဲ ပြည်နယ်အတွင်း၌သာ စဉ်ဆက်မပြတ်လည်ပတ် အသုံးပြုကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဒီဇင်ဘာ (၁၅) ရက်တွင် ကျရောက်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းနှင့်ရေလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၁၀ ဘီလီယံကို ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများအား ပြည်ထောင်စုသို့ ပြန်လည်ပေးဆပ်ရန်မလိုဘဲ ရခိုင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ် လည်ပတ်အသုံးပြုနိုင်မည်ဖြစ်၍ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ဒေသခံများ၏ ဝင်ငွေလည်း တိုးပွားလာမည်ဖြစ် ကြောင်း နစက ဥက္ကဋ္ဌက ၎င်း၏ သဝဏ်လွှာတွင် ထည့် သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဦးမော့လာစေဖို့အတွက် နိုင်ငံ တော် အစိုးရက ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည် နယ်အားလုံးရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ကို ကြိုးပမ်းအ ကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါတယ်” ဟု နစက ဥက္ကဋ္ဌက ဆိုသည်။

ရခိုင်ပြည်နယ်သည် သဘာဝပထဝီဝင် အနေအထားအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အခြားဒေသများနှင့်နှိုင်းစာလျှင် ဖွံ့ဖြိုးမှုနောက်ကျ လျက်ရှိကြောင်းလည်း နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြားသွားသည်။

ထို့ပြင် နိုင်ငံရေး၊ တိုင်းရင်းသားရေးများအရ ရခိုင် ပြည် နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့၍ ပြည် နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားများရှိခဲ့ပြီး အဆိုပါ အဟန့်အတားများကိုလည်း အကောင်းဆုံးကျော် လွှားကာ ဖြေရှင်းရန်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသ ည်။

လက်ရှိတွင် “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ”ကို ဖွဲ့စည်းကာ ရခိုင်ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကဏ္ဍအလိုက်အစီအမံများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here