ကိုယ်ဝန်ဆောင်တစ်ဦးလိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်အား ကားကတိုက်ပြီးမောင်းပြေး သုံးဘီးမောင်းသူဒဏ်ရာရရှိခဲ့မှု ပြည်မြို့တွင်ဖြစ်ပွား

0
299

ပဲခူးတိုင်း၊ပြည်မြို့၊နဝဒေးလမ်းတွင် ကိုယ်ဝန် ဆောင်တစ်ဦးလိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်အား ၆ ဘီးကားက ဒီဇင်ဘာ ၁၅ ရက်(ယနေ့)နေ့လည်ပိုင်းက ဝင်တိုက်၍မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

ယနေ့နေ့လည် ၃ နာရီကျော်ခန့်က ပြည်မြို့၊နဝဒေးလမ်းရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့တွင် ၆ ဘီးကားက ကိုယ်ဝန်ဆောင်တစ်ဦးလိုက် ပါလာသည့် သုံးဘီးဆိုင်ကယ်အားဝင်တိုက်မိခဲ့သည်။

ဖြစ်စဥ်ကြောင့် သုံးဘီးဆိုင်ကယ်မောင်းသူနှင့်ကိုယ်ဝန်ဆောင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ကြသည်။

” ၆ ဘီးကားက သုံးဘီးဆိုင်ကယ်ကိုတိုက်ပြီးမောင်းပြေးသွားတယ် သုံးဘီးမောင်းတဲ့လူကတော့ ဒဏ်ရာရတာများတယ် ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ ကျွန်တော်တို့ရောက်တဲ့အချိန်စစ်ဆေးကြည့်တဲ့အခါ ဒဏ်ရာရတာတော့မရှိဘူး သွေးလန့်သွားတဲ့အနေအထားလောက်ပါပဲ အဲဒီအမျိုးသမီးက ဆေးရုံကနေအိမ်ကိုပြန်သွားပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ညာဘက်ပေါင်ကျိုး၊နားထင်အရေပြားလန်၊နှာခေါင်းပေါက်၊ခြေ/လက်/မျက်နှာတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည့် သုံးဘီးမောင်းသူအား အခင်းဖြစ်နေရာ၌ အရေးပေါ်ပြုစုကုသပေးပြီးနောက် ပြည်မြို့ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မောင်းနှင်ထွက်ပြေးသွားသည့် ၆ ဘီးကားအား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက လိုက် လံစုံစမ်းဖမ်းဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here