ရာသီဥတုပြောင်းလဲလာ မှုက လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းကို ပိုဆိုးသည်ဟုဆို

0
260

မက္ကဆီကို၊ဒီဇင်ဘာ ၁၄

ရာသီဥတုပြောင်းလဲ လာမှုအပါအဝင် လက်နက်ကိုင်ပဋိပက္ခများနှင့် စီးပွားရေးကျဆင်းမှုများကြောင့် လာမည့် ၂၀၂၃ ခုနှစ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမို လျင်မြန်စွာ ဆိုးရွားစေနိုင်သည်ဟု NGO International Rescue Committee (IRC) ၏ လေ့လာမှုတစ်ခုအရသိရှိရသည်။

နူး‌ယော့ခ်အခြေစိုက်အဆိုပါအေဂျင်စီက လူသားချင်းစာနာထောက်ထားမှုလိုအပ်နေသောလူ အရေအတွက်သည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း တဟုန်ထိုးတက်လာကာ ၃၃၉ ဒသမ ၂ သန်းအထိရှိလာပြီး ၂၀၁၄ ခုနှစ်ကမူ ၈၁ သန်းသာရှိခဲ့သည်ဟုဆိုသည်။

ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို အရှိန် အဟုန်ဖြင့် ဆိုးရွားစေရာ၌ ရာသီဥတုပြောင်းလဲမှုသည်အရေးပါသော နေရာမှ ပါနေသည်ကို ၂၀၂၂ ခုနှစ်က ပြသခဲ့သည် မှာ ငြင်းလို့မရနိုင်ဟုလည်းဖော်ပြခဲ့သည်။

ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးသက်သာစေရေးတွင် ပိုမိုတက်ကြွစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်းကိုလည်းအလေးပေးပြောကြားခဲ့သည်။

တစ်ချိန်တည်း၌ပင် ကြီးထွားလာသောပဋိပက္ခအပြင် ရုရှား၏ယူကရိန်းကျူးကျော်မှုနှင့် ကိုဗစ်‌ကြောင့်ဖြစ်ပွားခဲ့သော စီးပွားရေးအကျပ်အတည်းကြောင့် စားနပ်ရိက္ခာမလုံလောက်မှုက လည်းတိုးလာနေပြီဟု ၎င်းကဆိုသည်။

အကြောင်းကြောင်းကြောင့် နေအိမ်ကို စွန့်ခွာတိမ်းရှောင်ရသူ အရေအတွက်လည်း ၂၀၁၄ ခုနှစ်က သန်း ၆၀ သာရှိခဲ့ရာမှ ယခုနှစ်၌ သန်း ၁၀၀ ကျော်အထိတက်လာသည်ဟုလည်း ဖော်ပြထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here