၂၀၂၃ ၌ ကိုဗစ်သည် ကမ္ဘာ့အရေးပေါ်အခြေအနေမဟုတ်တော့ရန် WHO အကြီးအကဲမျှော်လင့်

0
226

ဂျီနီဗာ၊ဒီဇင်ဘာ ၁၄

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အကြီးအကဲ Tedros Adhanom Ghebreyesus က ကိုဗစ်အား လာမည့်နှစ်၌ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် မသတ်မှတ်နိုင်တော့ရန် မျှော်လင့်သည်ဟုပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့၌ လွန်ခဲ့သည့်သုံးနှစ်ကစတင်ခဲ့ပြီး လူပေါင်း ၆ ဒသမ ၆ သန်းအထိသေဆုံးစေခဲ့သည့် ကိုဗစ်ကပ်ရောဂါအား ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် လာမည့် ၂၀၂၃ ၌ ဆက်လက်သတ်မှတ်ခြင်းပြုမပြုနှင့်ပတ်သက်၍လည်း တာဝန်ရှိသူများကဆွေးနွေးခဲ့ကြသည်။

ယင်းသို့သတ်မှတ်ခြင်းဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းအဖြေရှာနိုင်ပြီး ကာကွယ်ဆေးနှင့်ရန်ပုံငွေများအား မျှဝေအသုံးပြုနိုင်မည်ဖြစ်သည်ဟုဆိုသည်။

ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေနေအဖြစ် ရုပ်သိမ်းနိုင်ချေရှိသော်လည်း ကာကွယ်ဆေးမထိုးထားသူများ များပြားနေပါက ကမ္ဘာကြီးအနေဖြင့် မရပ်တန့်နိုင်ပဲ လုပ်စရာများရှိနေလိမ့်ဦးမည်ဟုလည်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here