တပ်မ​တော်(​လေ)​ ၇၅နှစ်မြောက် နှစ်ပတ်လည်​နေ့တွင်ကျင်းပ​သော တပ်​တော်ဝင် အခမ်းနားသို့ နစက ဥက္ကဌနှင့်အတူ ယခင်လေတပ်ဦးစီးချုပ်​ဟောင်းများပါတက်​​ရောက်

0
822

ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက တပ်မတော်(လေ) ၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့နှင့်လေယာဉ်၊ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင်လေတပ်စခန်းဌာနချုပ်၌ကျင်းပရာဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။အလားတူ ​လေတပ် ဦးစီးချုပ်​ဟောင်းများလည်း တက်​ရောက်ကြသည်ကို​တွေ့ရသည်။

စွမ်းဆောင်နိုင်မှုများနှင့်အောင်မြင်မှုများသည် တပ်မတော်(လေ)အား စတင်တည်ထောင်စဉ်ကစကာ ယခုအချိန်အထိ လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ/စစ်သည်များ၏ မဆုတ်မနစ် စွမ်းစွမ်းတမံဆောင်ရွက်မှုများနှင့် စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်များကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ မြင့်မြတ်သည့်ဂုဏ်ဒြပ်များနှင့်အသက်ကိုပဓာနမထားဘဲ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသည့် စံပြုထိုက်သည့် သူရဲကောင်းစစ်သည်တော်များအား တပ်မတော်ဆိုင်ရာစွမ်းရည်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဆိုသည်။

“သီဟသူရဘွဲ့ ၁ ဦး၊ သူရဘွဲ့ ၂၆ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ချီးမြှင့်ခံရသူ ၁၁၇ ဦးအထိ ချီးမြှင့်ခံရတာကို ဂုဏ်ယူဖွယ်တွေ့ရမှာဖြစ်ပါတယ်”
“မဲခေါင်စစ်ဆင်ရေးကာလမှာ စွန့်လွှတ်စွန့်စားရင်း အသက်ပေးခဲ့ရတဲ့ လေသူရဲ ဒု-ဗိုလ်ပီတာ ကိုနိုင်ငံ တော်က“သူရ”ဘွဲ့ချီးမြှင့်ပေးခဲ့ပါတယ် အဲဒီလိုပဲ ၁၉၇၇ ခုနှစ်၊ ခြူးရွှေ-ပန်ကောက် တိုက်ပွဲကာလအတွင်း ရဲဝံ့စွန့်စားတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်မှူးအုန်းခိုင် ကိုလည်းသူ့ရဲ့ပြောင်မြောက်တဲ့ သတ္တိနဲ့ရဲရင့်မှုတွေအတွက် နိုင်ငံတော်က“သူရ”ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကပြောသည်။

တပ်မတော်(လေ)၏သမိုင်းတစ်လျှောက်ကြုံတွေ့ခဲ့ရသည့် တိုက်ပွဲများအားပြန်ကြည့်ပါက လေတပ်ဦးစီးချုပ်မှစ၍ လေသူရဲငယ်များအထိ အ ဆင့်အတန်းအားလုံးသည် နိုင်ငံတော်အတွက် အသက်ကိုပဓာနမထားဘဲ မျိုးချစ်စိတ်၊စွန့်လွှတ်စွန့်စားစိတ်များဖြင့် ပေးဆပ်သက်သေပြခဲ့ကြသည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရသည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here