Su-30 SME ဘက်စုံသုံးအကြီးစားတိုက်လေယာဥ်အပါအဝင်တပ်မ​တော်(​လေ) ပျံသန်းမှုစွမ်းရည်များပြသ

0
436

တပ်မတော်(လေ)မှ လေယာဥ်ရဟတ်ယာဥ်များက တပ်မတော်(လေ)၏ ဒီဇင်ဘာ ၁၅ ရက်က မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေ တပ်စခန်းဌာနချုပ်၌ကျင်းပသည့် (၇၅)နှစ် မြောက် စိန်ရတုနှစ်ပတ်လည်နေ့နှင့်လေယာဥ်ရဟတ်ယာဥ်များတပ်တော်ဝင်ခြင်းအခမ်းအနားတွင် ပျံသန်းမှုစွမ်းရည်များပြသခဲ့ကြသည်။

သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁ စီးက နိုင်ငံတော်အလံအားချိတ်ဆွဲ၍၄င်း၊တိုက်ခိုက်ရေးရဟတ် ယာဉ် ၃ စီးကတပ်မတော်(ကြည်း၊ရေ၊လေ)အလံများကိုချိတ်ဆွဲကာအတန်းလိုက်အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းခြင်း၊အမျိုးအစားမတူညီသည့် ရဟတ်ယာဉ် ၄ စီးတို့ကအုပ်ဖွဲ့ပုံစံဖြင့်ပျံသန်းအလေးပြုခြင်း၊အပေါ့စားသယ်ယူပို့ ဆောင်ရေးရဟတ်ယာဉ်ဖြင့်စွမ်းရည်ပြသခြင်း၊သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် Bambi Bucket အသုံးပြု၍ မီးငြိမ်းသတ်မှုသရုပ်ပြခြင်း၊အမျိုးအစားမတူညီသည့် ကင်းထောက်လေယာဉ် ၁ စီး၊သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီးတို့ဖြင့်အုပ်ဖွဲ့ပုံစံပျံသန်းအလေးပြုခြင်းများကို ပြုလုပ်ခဲ့ကြသည်။

အမောင်းသင်ဂျက်တိုက်လေယာဉ် ၃ စီးမှလည်း တပ်မတော်(လေ)ကိုယ်စားပြု အဝါရောင်၊အဖြူရောင်၊အပြာရောင်မီးခိုးတန်း Smoke Trail များကိုထုတ်လွှတ်ပျံသန်းခြင်း၊ ဗုံးကြဲလေယာဉ် ၁ စီးနှင့်အပေါ့စားဂျက်တိုက်လေယာဉ် ၄ စီးက အုပ်ဖွဲ့ပုံစံ၊ ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၁ စီးနှင့်ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၄ စီးကအုပ်ဖွဲ့ပုံစံ၊ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ၆ စီးက Wedge Formation အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းအလေးပြုခဲ့ကြသည်။

ယခုနှစ်တွင်စတင် သုံးစွဲမည့် စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံးအကြီးစားတိုက်လေယာဉ် Su-30 SME တိုက်လေယာဉ်သည်လည်းအဆင့်မြင့်လှုပ်ရှားစစ်ကစားမှု(High Performance Maneuver)များအား စွမ်းရည်ပြပျံသန်းခဲ့သည်။

သာမန်ဂျက်တိုက်လေယာဥ်များမပြုလုပ်နိုင်သည့် Flap Spin Maneuver ရေပြင်ညီအပြားလိုက်လည်ကျသည့် ပျံသန်းမှုပုံစံတို့အား သရုပ်ပြသခဲ့သည်။ ထို့ပြင် မိမိလေယာဉ်နောက်မှ အနီးကပ်လိုက်ပါလာသည့် ရန်သူ့လေယာဉ်အား မိမိ၏မြင်ကွင်း၊ ပစ်ကွင်းရှေ့သို့ ပြန်လည်ရောက်ရှိစေပြီး အမြန်ဆုံးပြန်လည်တိုက်ခိုက်နိုင်သည့် စစ်ကစားမှုပုံစံ High AOA Roll အားသရုပ်ပြပျံသန်းပြခဲ့သည်။

Su-30 တိုက်လေယာဉ်သည် မည့်သည့်အခြေအနေ၊အမြန်နှုန်း၊အမြင့်ပေတွင်မဆို လေယာဉ်ကွင်းသို့ ရုတ်ချည်းဆင်းသက်နိုင်စွမ်းရှိခြင်းအား Maximum Banking Turn & Loop for Landing Maneuver ဖြစ်သည့် လေယာဉ်ပြေးလမ်းအတိုင်းပျံသန်းလာပြီး ရုတ်တရက်ကွေ့ကာ တစ်ဆက်တည်းပင် ဒေါင်လိုက်အပေါ်သို့ဆွဲတင်၍ Loop ထိုးပြီးလေယာဉ်ပြေးလမ်းသို့ ပြန်လည်ဆင်းသက်သည့် ပျံသန်းမှုစွမ်းရည်ကိုလည်း ပျံသန်းပြသခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here