စတင်တာဝန်ထမ်း​ဆောင်​ရန် တပ်တော်ဝင်ခဲ့သည့် လေယာဥ်ရဟတ်ယာဥ်များ၏မြင့်မားသော စွမ်းဆောင်ရည်များ

0
309

တပ်မတော်(လေ)၏ ဒီဇင်ဘာ ၁၅ ရက်တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ် လည်နေ့အခမ်းအနားတွင် တပ်တော်ဝင်ခဲ့သည့် လေယာဥ်ရဟတ်ယာဥ်များ၏ စွမ်းဆောင်ရည်များသည် လွန်စွာမြင့်မားသည်ကိုတွေ့ရှိရသည်။

တပ်တော်ဝင်ခဲ့သည့် Su-30 SME လေယာဉ်သည် စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံးအကြီးစားတိုက် လေယာဉ်ဖြစ်ကာ တပ်မတော်(လေ)အတွက် ပထ မဦးဆုံးစတင်အသုံးပြုသည့် Heavy Fighter အ မျိုးအစားဖြစ်သည်။အ​ရှေ့​တောင်အာရှတွင် ဗီယက်နမ်၊မ​လေးရှားနှင်အင်ဒိုနီးရှားတို့တွင်ရှိနှင့်ပြီးဖြစ်သည်ဟုနိုင်ငံခြားသတင်းရင်းမြစ်များကဆိုသည်။

ထို့ပြင် FTC 2000 G လေယာဉ်သည် ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး ဝေ ဟင်-ဝေဟင်စစ်ဆင်ခြင်း၊ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊အနီးကပ်လေကြောင်းပစ်ကူပေးခြင်း၊ပိုင်း ဖြတ်တိုက်ခိုက်ခြင်း၊လက်နက်တပ်ဆင်ကင်း ထောက်ခြင်းတာဝန်များကို ထမ်းဆောင်နိုင် သည်။

Ka-28 ရေငုတ်သင်္ဘောတိုက်ဖျက်ရေးရဟတ် ယာဉ်သည်လည်း ပင်လယ်ပြင်ကင်းထောက်ခြင်း၊ပင်လယ်ရေမျက်နှာပြင်အောက်ရှိ ရေငုတ်သင်္ဘောများအားရှာဖွေတိုက်ခိုက်ခြင်း၊ရှာဖွေကယ်ဆယ်ခြင်းတာဝန်များကို ထမ်းဆောင်နိုင်ကြောင်း သိရသည်။

ထို့ပြင် ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်များဖြစ်သည့် FT-7 နှင့် K-8W လေယာဉ်များသည် အမောင်းသင်ဂျက်တိုက်လေယာဉ်နှင့်အပေါ့စားတိုက်ခိုက်ရေးလေယာဉ်အမျိုးအစားများဖြစ်ကာ ဝေဟင်-ဝေဟင်စစ်ဆင်ခြင်း၊ဝေဟင်-မြေပြင်စစ် ဆင်ခြင်း၊အနီးကပ်လေကြောင်းပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊လက်နက်တပ်ဆင်ကင်း ထောက်ခြင်းနှင့်လွှဲပြောင်းသင်တန်းပို့ချခြင်း တာဝန်များကို ထမ်းဆောင်နိုင်သည်။

Y-8 လေယာဉ်မှာလည်း သယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးအစားဖြစ်ကာ အဓိကပုဂ္ဂိုလ်သယ်ပို့ခြင်း၊ခရီးသည်သယ်ပို့ခြင်း၊ကုန်ပစ္စည်းများသယ်ပို့ခြင်း၊ကုန်ပစ္စည်းများသယ်ဆောင်ခြင်း၊လေထီးခုန်ခြင်း၊ပင်လယ်ပြင်ကင်းထောက်ခြင်း၊ရှာဖွေကယ်ဆယ်ခြင်းတာဝန်များကို ထမ်းဆောင်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here