မန္တလေးတွင် ပျောက်ဆုံးနေသည့် သားငယ်မောင်ဇွဲဝေယံထွန်းကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိ

0
367

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁) ရက် မွန်းလွဲပိုင်းကတည်းက ပျော က်ဆုံးနေသည့် အသက် (၅) နှစ်အရွယ် မောင်ဇွဲဝေယံထွ န်းကို ယနေ့ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

” ကျေးဇူးတင်ပါတယ်ရှင်။ ကလေးကတော့ ကျန်းကျန်း မာမာလေးပါပဲရှင့်။ ရိုက်နှက်ထားတာမျိုးတော့ မရှိပါဘူးရှင့်။ ကောင်းကောင်းမွန်မွန်လေးပါပဲရှင့်။ အခုက စခန်းကခေါ်သွားတဲ့အတွက် ကလေးကိုသေသေချာချာမမေးရသေးလို့ပါ ။ နက်ဖြန်ကြရင် တိတိကျကျလေး ဖြေပေးပါ့မယ်ရှင့်။ ကလေးပြန်တွေ့ပြီဆိုတဲ့အကြောင်းလေးပဲ ရေးပေးပါရှင့်။ မနက်ဖြန်ကိုတော့ အားလုံးကို တိတိ ကျကျလေး ဖြေပေးပါ့မယ်ရှင့်” ဟု မောင်ဇွဲဝေယံထွန်း၏ မိခင်ဖြစ်သူက ပေါ်ပြူလာ သို့ ပြောသည်။

ယနေ့ ဒီဇင်ဘာ(၁၆) ရက် နံနက်ပိုင်း ကလေးပြန်လည်တွေ့ရှိချိန် ထွက်ပေါ်နေသည့် လူမှုကွန်ရက် သတင်းများအရ ကလေးငယ်အား ဘေးအိမ်မှ အမျိုးသမီးကြီးတစ်ဦးမှ ခေါ်ဆောင်ထားသည်ဟု သိရသော်လည်း ကလေးငယ်၏ မိခင်ဖြစ်သူမှ ရဲစခန်းတွင် လုပ်ထုံးလုပ်နည်းများအရ လုပ်ဆောင်ဆဲဖြစ်သည့်အတွက် ဖြေဆို၍မရသေးကြောင်း ပေါ်ပြူလာသို့ ပြောကြားခဲ့သည်။

မောင်ဇွဲဝေယံထွန်း ပျောက်ဆုံးမှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ကြပြီး ဝိုင်းဝန်းရှာဖွေပေးမှုများ၊ အကူအညီ တောင်းခံမှုများ ၊ ကူညီရှာဖွေပေးသူအား ဆုငွေချီးမြှင့်မည်ဟု သတင်းထုတ်ပြန်ကာ အကူညီတောင်းခံမှုများဖြင့် ဝိုင်းဝန်ကူညီခဲ့ကြပြီး အဆိုပါ ကူညီသူများအားကျေးဇူးတင်ရှိကြောင်းလည်း ကလေးငယ်၏ မိဘများက ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here