နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော တာဝေးပစ်ဒုံးကျည်ကို ယမန်နေ့ညက အိန္ဒိယအောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

0
353

အိန္ဒိယနိုင်ငံသည် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော တာဝေးပစ် အဂ္ဂနိ ၅(Agni 5) ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယနိုင်ငံ သြဒိဿပြည်နယ် အရှေ့ပိုင်းရှိ အဗ္ဗဒူကလမ်ကျွန်း ဒုံးလွှတ်စခန်းမှ ဒီဇင်ဘာ ၁၅ ရက်နေ့ ညပိုင်းက ညဖက်စမ်းသပ်ပစ်လွှတ်မှုအဖြစ် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ ပါလီမန်ရေးရာဝန်ကြီး Pralhad Joshi က အတည်ပြုပြောကြားလိုက်သည်။

“အဲဒီဒုံးကျည်ဟာ ကာကွယ်ရေးအတွက် တန်ဖိုးကြီးမားပြီး အမျိုးသားလုံခြုံရေးကိုလဲ အတိုင်းအတာတစ်ခုအထိ အားကောင်းစေလိမ့်မှာဖြစ်ပါတယ်”ဟု ပါလီမန်ဝန်ကြီးကဆိုသည်။

အဂ္ဂနိ ၅(Agni 5)ဒုံးကျည်သည် မိုင်ပေါင်း ၃၃၀၀(ကီလိုမီတာ ၅၄၀၀)အထိ ပစ်ခတ်နိုင်သော ဒုံးကျည်ဖြစ်သည်။

Ref: India successfully test fires nuclear-capable Agni-5 ballistic missile


LEAVE A REPLY

Please enter your comment!
Please enter your name here