မြန်မာတွင် ကုလသမဂ္ဂစီမံကိန်း၏ လက်ရှိပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအတွက်ဆွေးနွေး

0
113

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့်ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာဆန်ဂျေးမာသာ တို့သည် ဒီဇင်ဘာ ၁၆ ရက် (ယနေ့)နံနက် ၁၀ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံအစိုးရနှင့်ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးတို့ကြား လက်ရှိပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ရန်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ဥ​ရောပသမဂ္ဂ က မြန်မာအတွက် UN ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီစဥ် WFP သို့ ယူရို ၆သန်းခွဲ လှူဒါန်းထားသည်။

ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here