YCDC မှတာဝန်ယူကောက်ခံရသည့် လျှပ်စစ်သုံးယာဥ်များနှင့်ပတ်သက်သည့် အခွန်အခများအား ၂၀၅၀ ခုနှစ်အထိ ကာလပိုင်းခြား၍ ကင်းလွတ် ခွင့်ပြုခြင်းနှင့်လျှော့ပေါ့ကောက်ခံခြင်းများဆောင်ရွက်သွားမည်

0
282

လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဆိုင် ရာအထူးသက်သာခွင့်များညှိနှိုင်းကြီးကြပ်ရေးလုပ်ငန်းကော်မတီ၏ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ၊လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဆိုင် ရာအထူးသက်သာခွင့်များညှိနှိုင်းကြီးကြပ်ရေးလုပ်ငန်းကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးအား ဒီဇင်ဘာ ၁၆ ရက်‌‌နေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်မှ ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းအတွင်း Charging Station ၅ နေရာတည်ဆောက်နိုင်ရန် သက်ဆိုင်ရာဌာနများ၊ကုမ္ပဏီများ၏တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးပြီးဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက ပြောသည်။

ထို့ပြင် YCDC မှတာဝန်ယူကောက်ခံရသည့် ညအိပ်ခ၊ယာဉ်ရပ်နားခ၊ပစ္စည်းခွန်၊ကြော်ငြာဆိုင်း ဘုတ်ခ၊မြေနေရာငှားရမ်းခများနှင့်ပတ်သက်၍ ကာလပိုင်းခြား၍ ကင်းလွတ်ခွင့်ပြုခြင်း၊လျော့ပေါ့ကောက်ခံခြင်းများ စီစဥ်ဆောင်ရွက်သွားမည်ဟု ပြောသည်။

ထိုသို့ ကာလပိုင်းခြားခြင်းအား ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ၊ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည်နှစ်အထိ၊ ၂၀၃၁ ခုနှစ်မှ ၂၀၅၀ ပြည့်နှစ်အထိဖြစ် ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး၏ ပြောကြားချက်အရ သိရသည်။

အစည်းအဝေးတွင် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဆိုင်ရာအထူးသက်သာခွင့်များညှိလနှိုင်းကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊စီမံ ကိန်းနှင့်ဘဏ္ဍာရေးနှင့်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းမှလည်း လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဆိုင်ရာအထူးသက်သာခွင့်ရရှိရေးဆောင်ရွက်ရာတွင် အပိုင်း(၃) ပိုင်းဖြစ်သည့် (၁)အခွန်၊(၂)အခနှင့်(၃)အခြားအကျိုးခံ စားခွင့်များနှင့်ပတ်သက်သည့် အပိုင်းများကိုခွဲ ခြားဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဆိုင် ရာအထူးသက်သာခွင့်များညှိနှိုင်းကြီးကြပ်ရေးလုပ်ငန်းကော်မတီသည် လျှပ်စစ်သုံးယာဉ်ဖြင့်ဆက်စက်ပစ္စည်းများ တင်သွင်း၊တင်ပို့၊တပ်ဆင် ထုတ်လုပ်နိုင်ရန် စီးပွားရေးဝန်းကျင်ကောင်းများဖန်တီးဖော်ဆောင်ပေးခြင်း၊လျှပ်စစ်သုံးယာဉ်အ သုံးပြုမှု မြှင့်တင်ရေးအတွက်အထူးအခွင့်အရေးများဖော်ဆောင်နိုင်ရေး Budget နှင့်မသက်ဆိုင်သည့်အပိုင်းများနှင့်အခြားစီမံခန့်ခွဲရေးအပိုင်းမှပံ့ပိုးပေးနိုင်မည့် အစီအမံများရေးဆွဲရေးမူကြမ်းပြုစု၍ ဦးဆောင်ကော်မတီသို့တင်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် လျှပ်စစ်သုံးယာဉ်များတွင်တွင်ကျယ်ကျယ်ပြေးဆွဲအသုံးပြုနိုင်ရေးနှင့်အများပြည်သူစိတ်ဝင်စားမှုရှိစေမည့် ထူးခြားသည့်မက်လုံးပေးမှုအစီအမံများဖော်ထုတ်၍ ဦးဆောင်ကော်မတီသို့တင်ပြခြင်း၊လျှပ်စစ်သုံးယာဉ်အသုံးပြုခြင်းကြောင့် လမ်းကြေး၊တံတားကြေး၊ယာဥ်ရပ်နားခများသက်သာစေမည့် ထူးခြားသည့်အစီအမံများကိုဖော်ဆောင်ရာတွင်လုပ်ငန်းကော်မတီ၏ မူဘောင်အတွင်း မပါဝင်သည့်လုပ်ငန်းများဖြစ်ပါက သီးခြားစီမံချက်ပြုစု၍ ဦးဆောင်ကော်မတီသို့တင်ပြဆောင်ရွက်ခြင်းတို့ကိုလည်း အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here