အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးမောင်းနှင်လိုက်လာသည့် ကိုယ်ပိုင်ကားပေါ်မှ ပစ္စတိုသေ နတ် ၅ လက်နှင့်ကျည်ဆံများကို နမ့်စန်မြို့၌ဖမ်းမိ

0
251

ရှမ်းပြည်နယ်၊နမ့်စန်မြို့၊နမ့်မော်ခေါက်ဆင့်ကျေး ရွာရှိ နမ့်စန်-ခိုလမ်သွားကားလမ်းတွင် ဒီဇင်ဘာ ၁၆ ရက်ကဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နမ့်စန်မြို့၊နမ့်စန်-ခိုလမ်းသွားကားလမ်း၏ နမ့်မော်ခေါက်ဆင့်ကျေးရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေသည့်ကားများအား တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ နမ့်စန်မြို့ဘက်မှခိုလမ်မြို့ဘက်သို့ စိုင်းစွမ်ဝမ်း(ခ)စိုင်းညွန့်လူ(၃၃)နှစ်မောင်းကာ နန်းနောင့်ခမ်း(၃၃)နှစ်လိုက်လာသည့် REVO(ခဲရောင်)ကားအားစစ်ဆေးရာ ကားမောင်းသူ၏ ထိုင်ခုံအောက်တူးဘောက်အတွင်းမှ SIG တံဆိပ်ပါ အနက်ရောင်ကော်သေတ္တာ ၅ ဗူးအ တွင်းထည့်ထားသည့် အမေရိကန်နိုင်ငံလုပ် SIG SAUER ပစ္စတိုသေနတ် ၅ လက်နှင့်ကျည်အိမ် ၁၀ ခုအား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ပစ္စတိုသေနတ်များနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား ဥပဒေအရထိရောက်စွာအရေး ယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here