စစ်ပွဲတွင် ဇီဝလက်နက်များမသုံးဟု ရုရှားက အခိုင်အမာ ပြောလာ

0
118

ဂျနီဗာ၊ ဒီဇင်ဘာ ၁၆

ယူကရိန်းစစ်ပွဲတွင်ရုရှားသည် အဖျက်စွမ်းပကား ကြီးမားသော လက်နက်များ ပိုမိုအသုံးပြုလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေချိန် အကြီးတန်း ရုရှား သံတမန်တစ်ဦးက ရုရှားသည် ဇီဝလက်နက်များကို အသုံးပြုမည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၆ ရက် သောကြာနေ့က အခိုင်အမာပြောကြားခဲ့သည်။

ရုရှားက ဇီဝလက်နက်များ ထုတ်သုံးမည်ကို လုံးဝ စိုးရိမ်စရာမလိုကြောင်းနှင့် ၎င်းသည် ပြဿနာတစ်ရပ်ပင် မဟုတ်ကြောင်း နျူလက်နက်မပြန့်ပွားရေးနှင့် လက်နက်ထိန်းချုပ်ရေးဌာနဆိုင်ရာ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ လက်ထောက်အကြီးအကဲ Konstantin Vorontsov က ပြောသည်။

ဂျနီဗာတွင် သုံးပတ်ကြာ ပြုလုပ်ခဲ့သည့် ဇီဝလက်နက်များဆိုင်ရာ ညီလာခံ (BWC) ပြင်ပတွင် Vorontsov က ပြောခဲ့ခြင်း ဖြစ်သည်။

မော်စကိုသည် ဓာတု ဇီဝလက်နက်များနှင့် ဘတ်တီးရီးယားပိုးမွှားများ အသုံးမပြုရန် တားမြစ်ထားသော နိုင်ငံတကာ သဘောတူစာချုပ်များတွင် ပါရှိသည့် ၎င်း၏ တာဝန်များကို အပြည့်အဝ လိုက်နာနေကြောင်း သူက သတင်းထောက်များကို ပြောခဲ့သည်။

“စစ်ရေးနယ်ပယ်မှာ ဇီဝလက်နက်နဲ့ ပတ်သက်တဲ့ ဘာအစီအစဉ်မှ မရေးဆွဲထားပါဘူး၊ ဇီဝဗေဒနယ်ပယ်အတွင်း ကျွန်တော်တို့ လုပ်နေတဲ့ အရာအားလုံးဟာ ငြိမ်းချမ်းရေးကို ရည်စူးပြီး လုပ်ဆောင်တာမျိုး ချည်းပါပဲ၊ ဒီထက်မပိုပါဘူး” ဟု Vorontsov ကဆိုသည်။

ရုရှားနှင့် ပတ်သက်၍ ထိုကဲ့သို့သော သတင်းများမှာ ယူကရိန်းရှိ အမေရိက၏ ယုတ်ညံ့ သော လုပ်ရပ်များကို အာရုံပြောင်းစေရန် ရည်ရွယ်၍ ပြန့်နှံ့လာခြင်းဖြစ်သည်ဟု သူက ပြောခဲ့သည်။

Source: Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here