ဂျာမနီရှိ ကမ္ဘာ့အကြီးဆုံး ဆလင်ဒါပုံစံ ငါးပြတိုက် ပေါက်ကွဲ၊ ငါး ၁၅၀၀ သေဆုံး

0
238

ကမ္ဘာ့လှည့်ခရီးသည်များအား အဓိက ဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည့် ဂျာမန် ဟိုတယ်တစ်ခုရှိ ကမ္ဘာ့အကြီးဆုံး ဆလင်ဒါပုံစံ ငါးအလှမွေးကန် အက်ကွာဒမ်သည် ဒီဇင်ဘာလ ၁၆ ရက် သောကြာနေ့တွင် ပေါက်ကွဲသွားခဲ့သည်။

ဘာလင်မြို့လယ်ရှိ ရက်ဒီဆင် ဘလူး ဟိုတယ်၏ အဝင်ခန်းမတွင် ဆောက်လုပ်ထားသော ၈၂ ပေ အမြင့်ရှိ အဆိုပါ ငါးကန်သည် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၅၀ မိနစ်ခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကန်အတွင်း မွေးထားသော အပူပိုင်းဒေသ ငါး ၁၅၀၀ စလုံး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုပေါက်ကွဲမှုကြောင့် ရေလီတာ တစ်သန်းနီးပါး ဧည့်ကြိုခန်းအတွင်း ပွင့်အန်ထွက်လာပြီး ဟိုတယ်တစ်ခုလုံးလည်း လျှပ်စီးမီး ပြတ်တောက်သွားခဲ့ရသည်။

မှန်ကွဲစများကြောင့် လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားခဲ့ရသည်။

အဆိုပါ ငါးကန်မှာ ညတွင်းချင်း အလွန့်အလွန်အေးလာသော အပူချိန်ကြောင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်ကာ ပေါက်ကွဲခဲ့ရသည်ဟု ထင်ကြေးပေးထားသော်လည်း အကြောင်းအရင်းကိုမူ ရဲများက စုံစမ်းစစ်ဆေးဆဲဖြစ်သည်။

Source:Dailymail


LEAVE A REPLY

Please enter your comment!
Please enter your name here