မြဝတီမြို့ရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့၌ ဖုန်းအပါအဝင် လျှပ်စစ်အားသွင်းရသည့်ပစ္စည်းများ အခမဲ့အားသွင်းနိုင်ရန် စီစဥ်ပေးထား

0
240

ကရင်ပြည်နယ်ရှိ မြို့နယ် ၄ ခုနှင့်အနီးပတ်ဝန်း ကျင်အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံအား PDF အဖွဲ့ဝင်များက ဒီဇင်ဘာ ၁၆ ရက်နံနက်အစောပိုင်း ၁ နာရီခွဲတွင် ပစ်ခတ်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

ထိုသို့ ဖျက်ဆီးမှုကြောင့် (၅၀)အမ်ဗွီအေ ထရန်စဖော်မာ ၂ လုံး၊ (၂၀) အမ်ဗွီအေ Shut Reactor ၁ လုံး၊ Gas Circuit Breaker ၂ လုံး၊ Lightning Arrester ၂ လုံး၊ Potential Transformer ၂ လုံး၊ ဓာတ်အားကြိုးများ၊ဓာတ်အားထိန်းချုပ်အဆောက်အအုံနှင့်မီးစက်အဆောက်အအုံတို့ ထိ ခိုက်ပျက်စီးခဲ့သည်။

ထို့ကြောင့် မြဝတီမြို့၊ကော့ကရိတ်မြို့၊ကြာအင်းဆိပ်ကြီးမြို့၊ကျုံဒိုးမြို့နှင့်အနီးဝန်းကျင်၌ လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် ဖုန်း အပါအဝင် လျှပ်စစ်အားသွင်းအသုံး ပြုရသည့် ပစ္စည်းများအားသွင်းရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

ထိုသို့ အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရန် မြဝတီမြို့ရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့၌ ဖုန်း အ ပါအဝင် လျှပ်စစ်အားသွင်းအသုံးပြုရသည့်ပ စ္စည်းများ အခမဲ့အားသွင်းနိုင်ရန် စီစဥ်ပေးထားကြောင်း သိရသည်။

“လတ်တလော ကျွန်တော်သိရသလောက်ဆိုရင် မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ အခမဲ့ အားသွင်းလို့ရအောင်စီစဥ်ထားပေးတယ် တခြားနေရာတွေမှာရှိ၊မရှိတော့ မသိသေးဘူး အရင်တစ်ခါ မီးတွေမရတုန်းကတော့ လူမှုကူညီရေးအသင်းတွေကလည်း အခမဲ့ အားသွင်းနိုင်အောင်စီစဥ်ပေးခဲ့တယ် အခုလည်း ထပ်လုပ်ပေးမယ်လို့မျှော်လင့်ပါတယ်”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့်ကုန်သွယ်ရေးဇုန်တို့တွင်လည်း ကုန်စည်စီးဆင်းမှုများ နှောင့် နှေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် လျှပ်စစ်ဝန်ထမ်းများမှ လုံခြုံရေးအဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ လျှပ်စစ်မီးအမြန်ဆုံးပြန်လည်ရရှိရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“မီးအမြန်ဆုံးပြန်ရအောင် ပြင်ဆင်နေတာတွေ့တယ် မီးပြန်မရခင်ကတော့ ဖုန်းအားသွင်းဖို့ကို အခုလိုနေရာတွေမှာပဲ လိုက်ပြီးသွင်းရမှာပေါ့ အချိန်တော့စောင့်ရတယ် အားလာသွင်းတဲ့လူများတဲ့အခါဆိုရင် အခမဲ့အားသွင်းလို့ရတဲ့နေရာများများရှိရင်တော့ လူကမျှသွားမှာပါ”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here