၂၀၂၂ ခုနှစ် မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဖလား အမျိုးသားအလွတ်တန်းဟော်ကီပြိုင်ပွဲတွင် Fly Eagle အသင်းဗိုလ်စွဲ

0
168

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဖလား အမျိုးသားအလွတ်တန်းဟော်ကီပြိုင်ပွဲအား ရန်ကုန်မြို့ရှိ သိမ်ဖြူဟော်ကီကွင်း၌ကျင်းပခဲ့ရာ Fly Eagle အသင်းမှဗိုလ်စွဲခဲ့ကြောင်း သိရသည်။

Fly Eagle အသင်းသည် ဒီဇင်ဘာ ၁၇ ရက်(ယနေ့) ညနေပိုင်းကကျင်းပသည့် ဗိုလ်လုပွဲ၌ Smart အ သင်းအားယှဉ်ပြိုင်ကစားပြီးနောက် ၄ ဂိုး ၃ ဂိုးဖြင့်အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဖလား အမျိုးသားအလွတ်တန်းဟော်ကီပြိုင်ပွဲအား အသင်းပေါင်း ၆ သင်းသည် ပတ်လည်စနစ်ဖြင့်ယှဥ်ပြိုင်ကစားခဲ့ကြပြီးနောက် အမှတ်အများဆုံး ၂ သင်းမှဗိုလ်လုပွဲအဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

အုပ်စုပတ်လည်ပွဲစဉ်များအပြီးတွင် Smart အသင်းမှ ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၃ မှတ်ဖြင့် အုပ်စုပထမ၊ Fly Eagle အသင်းမှ ၅ ပွဲကစား ၃ ပွဲနိုင် ၂ ပွဲသရေ ရမှတ် ၁၁ မှတ်ဖြင့် အုပ် စုဒုတိယရရှိကာ ဗိုလ်လုပွဲကစားရခြင်းဖြစ်သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုရရှိသည့်အသင်းများနှင့်နေရာအလိုက် တစ်ဦးချင်းအကောင်းဆုံးဆုတံဆိပ်ရရှိသူများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဟော် ကီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောလုလုထော်နှင့်တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြင့်ခဲ့ကြသည်။

မြန်မာ့လက်ရွေးစင်အမျိုးသားဟော်ကီအသင်းသည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု၊ ၂၀၁၅ ခုနှစ်  (၂၈)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု၊

၂၀၁၇ ခုနှစ် (၂၉)ကြိမ်မြောက်အ ရှေ့တောင်အာရှအားကစားပြိုင်ပွဲ ငွေတံဆိပ်ဆု၊ ၂၀၁၉ ခုနှစ် (၃ဝ)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုတို့ရ ရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသားဟော်ကီအသင်းသည် ၁၉၉၅ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှစတင်၍ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here