ခမာရိုးရာမင်္ဂလာ

0
187

ယ​နေ့ မင်္ဂလာအခမ်းအနား တစ်ခုတွင် မင်္ဂလာ နာယက အဖြစ်​ဆောင်ရွက်​သော က​မ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်နှင့်ဇနီးတို့သည် ခမာရိုးရာ အရ မင်္ဂလာ​မောင်နှံ ကံ​ကောင်းစေရန် ဆံပင်ညှပ်ဟန်(အချို့ကတကယ်မညှပ်)ဖြင့် ဆု​တောင်းရင်း အမွှေးနံ့သာ တို့ဖြင့်သိဒ္ဓိတင်​ပေးကြသည်။

ထိုအစီစဥ်သည် မင်္ဂလာပွဲဒုတိယ​မြောက်ရက်တွင် လုပ်​လေ့ရှိသည်။သတို့သမီးနှင့် သတို့သား၏ဦးခေါင်းမှ ဆံပင်အနည်းငယ်ကို ဖြတ်ခြင်းသည် ကံဆိုးမူများနှင့် မလိုလားအပ်သော အရာအားလုံးကို သန့်စင်ဖြတ်တောက်ကာ အကြင်လင်မယားအဖြစ် ဘဝ၏ အဆင့်သစ်သို့ ကူးပြောင်းခြင်းကို ကိုယ်စားပြုသည်။

ပထမရက်တွင် တင်​တောင်းခြင်း၊ဘုန်း​တော်ကြီးများထံမှသြဝါဒခံခြင်း၊မိဘများအား ကန်​တော့ခြင်းတို့ကိုလုပ်​ဆောင်ရသည်။

တတိယရက်တွင် ကမ္ဘောဒီးယား မင်္ဂလာဆောင်၏ အရေးကြီး​သော ဂုဏ်ပုဒ်ဖြစ်သည့် ဓားဖြင့်ဘိသိတ်​မြောက်သည်။မင်္ဂလာ​မောင်နှံလက်ထဲတွင် ဓါးကိုကန့်လန့်ထားကာ ဘိသိတ်​မြောက်ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည်သစ္စာစောင့်သိမှုနှင့် အိမ်ယာများကို ကာကွယ်ခြင်း၏ သင်္ကေတအဖြစ် ကိုယ်စားပြုခြင်းဖြစ်သည်။

တ​စ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသည့်အတိုင်း မင်္ဂလာ ဘိသိတ်​မြောက်ခြင်းသည်လည်း သူ့​ဒေသနှင့်သူ့ရိုးရာအသီးသီးရှိကြ​ပေရာ ၄င်းတို့ကို အပြန်အလှန်​လေးစားမှတ်သားရ​ပေသည်။

Photos-Samdech Hun Sen, Cambodian Prime Minister FB page


LEAVE A REPLY

Please enter your comment!
Please enter your name here