မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အား တာဝန်ရှိသူများက အော်ပရာစီအဖြစ် ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၅ ဦးအပါအ ဝင် အခြားနိုင်ငံသား ၅၀ ဦးခန့်ဖမ်းဆီးခံရ

0
266

မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအား မလေးရှားနိုင်ငံတာဝန်ရှိသူများက ဒီဇင်ဘာ ၁၆ ရက်ညပိုင်းက အော်ပရာစီအဖြစ် ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၅ ဦးအပါအဝင် အခြားနိုင်ငံသား ၄၈ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မလေးရှားနိုင်ငံ၌ တရားမဝင်နိုင်ငံသားများဝင်ရောက်လာခြင်းမရှိစေရန် နေရာအနှံ့၌ အော်ပရာစီအဖြစ် မလေးရှားနိုင်ငံမှတာဝန်ရှိသူများက မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန(JIM)နှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အော်ပရာစီအဖြစ်ဝင်ရောက်ဖမ်းဆီးရာ၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းနှင့်လူနေတန်းလျားများအတွင်းသို့ပါ ဝင်ရောက်စစ်ဆေးပြီးနောက် ဖမ်းဆီးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများတွင် မြန်မာနိုင်ငံသား ၅ ဦးအ ပါအဝင် အင်ဒိုနီးရှား၊ဘင်္ဂလားဒေ့ရှ်နှင့်ဗီယက်နမ်လူမျိုးအချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား မလေးရှားနိုင်ငံလူဝင်မှု ကြီးကြပ်ရေးဥပဒေအရ ထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here