၂၀၂၂ ခုနှစ် မစ္စစ်ဝေါလ် အလှမယ်ဆုကို အိန္ဒိယနိုင်ငံသူ ဆာဂမ် ကိုရှယ်က ဆွတ်ခူးရရှိ

0
174

၂၀၂၂ ခုနှစ်၏ မစ္စစ်ဝေါလ် အလှမယ်ဆုကို အိန္ဒိယနိုင်ငံသူ ဆာဂမ် ကိုရှယ်က ၆၃ နိုင်ငံမှ ပြိုင်ဘက်များကို အနိုင်ယူကာ ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၇ ရက် စနေနေ့ ညနေပိုင်းက လာ့စ်ဗီးဂတ်စ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကျင်းပသော မစ္စစ်ဝေါလ် အလှမယ်ပြိုင်ပွဲ၌ အသက် ၃၂ အရွယ် ကိုရှယ်က အဆိုပါ ဆုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မစ္စစ် အိန္ဒိယ အလှမယ်အဖွဲ့အစည်းက ကိုရှယ် ဆုရရှိသည့် သတင်းအား ၎င်း၏တရားဝင် အင်စတာဂရမ် ပေ့ချ်ပေါ်တွင် တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

“၂၁ နှစ် အကြာမှာတော့ ဒီသရဖူကို ကျွန်မတို့ ပြန်လည်ရယူနိုင်ခဲ့ပါပြီ။ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ အိန္ဒိယကို ချစ်တယ်၊ ကမ္ဘာကြီးကို ချစ်ပါတယ်” ဟု ကိုရှယ်က ဗီဒီယို သတင်းတစ်ပုဒ်တွင် ပြောကြားခဲ့သည်။

မစ္စစ် ဝေါလ် အလှမယ်ဆုကို ပထမဆုံး ရယူပေးခဲ့သည့် အိန္ဒိယနိုင်ငံသူမှာ သရုပ်ဆောင် မင်းသမီး အာဒီတီ ဂိုဗီတီကာ ဖြစ်ပြီး ၂၀၀၁ ခုနှစ်က ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ကိုရှယ်၏ အင်စတာဂရမ် အကောင့်အရ သူသည် အင်္ဂလိပ်စာပေ ဘွဲ့လွန် ဘွဲ့ကို ရရှိထားသူဖြစ်ပြီး အိန္ဒိယရေတပ် အရာရှိတစ်ဦးနှင့် အိမ်ထောင်ပြုထားသူ ဖြစ်သည်။

မစ္စဝေါလ် ပြိုင်ပွဲသည် အိမ်ထောင်သည်များအတွက် ပထမဆုံး ပြုလုပ်ပေးခဲ့သော အလှမယ်ပြိုင်ပွဲဖြစ်ပြီး ၁၉၈၄ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here