လသာမြို့နယ်ရှိ AYA ဘဏ်ခွဲတွင်အမျိုးသားတစ်ဦးက ဓားပြခြိမ်းခြောက်ကာ ပိုက်ဆံများလုယက်ယူဆောင်သွား

0
347

ရန်ကုန်တိုင်း၊လသာမြို့နယ်၊(၁)ရပ်ကွက်ရှိ AYA ဘဏ်ခွဲ(၃၇)ရှိ ဝန်ထမ်းများအား အမည်မသိအမျိုးသားတစ်ဦးက ဓားပြခြိမ်းခြောက်ကာ ပိုက်ဆံအချို့ကိုလုယက်ယူဆောင်သွားခဲ့မှု ဒီဇင်ဘာ ၁၉ ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က Mask တပ်ထားသည့် အမည်မသိအမျိုးသားတစ်ဦးက လသာမြို့နယ်၊ကမ်းနားလမ်းနှင့်လမ်းမတော်လမ်းထောင်ရှိ AYA ဘဏ်ခွဲ(၃၇)အတွင်းသို့ ဝင်ရောက်လာကာ ဝန် ထမ်းများအား အသင့်ပါလာသည့်ဓားဖြင့်ခြိမ်း ခြောက်ခဲ့သည်။

ထိုသို့ ခြိမ်းခြောက်ပြီးနောက် ပိုက်ဆံများထုတ် ပေးရန်ပြောဆိုပြီး ဘဏ်ကောင်တာပေါ်ရှိ ပိုက် ဆံအချို့အား လုယက်ယူဆောင်၍ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ပိုက်ဆံကတော့ သိန်း ၁၀၀ လောက်ပါသွားတယ်ပြောတယ် ဖြစ်သွားတဲ့အချိန်ကသိပ်မကြာလိုက်ဘူးတဲ့ မနက်ကတော့ စစ်သားတွေရဲတွေ ဘဏ်နားတစ်ဝိုက်ကလမ်းတွေကိုပိတ်ပြီးစစ်နေကြတာတွေ့တယ်”ဟု လသာမြို့နယ်နေသူတစ်ဦးကပြော သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက CCTV မှတ် တမ်းများနှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်အား စစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုံစာ – ယခုဖော်ပြထားသောပုံမှာ ယခင် ပုံဟောင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here