နောင်ချိုမြို့နယ်ရှိ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဆိုင်ကယ်ပေါ်မှ စိတ်ကြွဆေးပြား ၂၅၀၀၀ ပြားကျော်ဖမ်းမိ

0
197

ရှမ်းပြည်နယ်၊နောက်ချိုမြို့နယ်ရှိ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဒီဇင်ဘာ ၁၇ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည့် ပူး ပေါင်းအဖွဲ့သည် အိုရီယမ်တယ်တိုးဂိတ်အနီး၌ ရီအောင်(၃၆)နှစ် မောင်းလာသည့်ဆိုင်ကယ်အားစစ်ဆေးခဲ့ကြသည်။

ဆိုင်ကယ်အတွင်းသိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၂၅၆၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူအား နောင်ချိုမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here