တောင်ကိုရီးယား၏ ပထမဆုံး စူးစမ်းလေ့လာရေး အာကာသယာဉ် လပတ်လမ်းအတွင်းရောက်ရှိ

0
255

တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး စူးစမ်းလေ့လာရေး အာကာသယာဉ် ဒါနူရီသည် လေးလကြာခရီးနှင်ခဲ့ပြီးနောက် လပတ်လမ်းကြောင်းတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

ဒါနူရီသည် ဒီဇင်ဘာ ၁၇ ရက်နေ့ တောင်ကိုရီးယားစံတော်ချိန် နံနက် ၂ နာရီ ၄၅ မိနစ်တွင် လကမ္ဘာပတ် လမ်းကြောင်းတွင်းသို့ စတင်ဝင်ရောက်ခဲ့ကာ စူးစမ်းလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။

ဒါနူရီသည် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ လကမ္ဘာကို ပတ်နေဦးမည်ဖြစ်ပြီး၊ ထို့နောက်တွင်မူ မြေပြင်မှ ထိန်းကျောင်းစေခိုင်းသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Ref: South Korea’s 1st moon probe Danuri begins to enter lunar orbit


LEAVE A REPLY

Please enter your comment!
Please enter your name here