ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ပြေးဆွဲသည့် ချယ်ရီ(၂)ရေယာဥ်ပေါ်၌ လက်လုပ်မိုင်းပေါက်ကွဲ ၁၇ ဦးဒဏ်ရာရဟု နစက ထုတ်ပြန်

0
264

ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်၊မိသားစုရပ်ကွက်ရှိ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ခရီးသည်များတင်ဆောင်မောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်ပေါ်တွင် ဒီဇင်ဘာ ၁၈ ရက်ညပိုင်းက PDF အဖွဲ့ဝင်များထောင်ထားသည့် လက် လုပ်မိုင်းပေါက်ကွဲခဲ့၍ ၁၇ ဦးဒဏ်ရာရခဲ့ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၆ နာရီ ၄၀ မိနစ်ခန့်က ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ မောင်းနှင်လာသည့် ပြည်တွင်းရေကြောင်းပိုင် ချယ်ရီ(၂)ရေယာဉ်သည် ဆိပ်ကမ်းမှမီတာ(၅၀)ခန့်အကွာအရောက် ရေယာဉ်အောက်ထပ် နောက်သံလှေခါးအခြေ၌ PDF အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ရေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသွား အမျိုးသား၊အမျိုးသ မီး ၁၇ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် မိုင်းစထိမှန်ဒဏ်ရာရသူများအား လုံ ခြုံရေးအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here