သံတမန် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာ၍ ဩဇီနိုင်ငံခြားရေး ဝန်ကြီး တရုတ် သွားမည်

0
191

ဆစ်(ဒ)နီ၊ ဒီဇင်ဘာ ၁၉

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင် သည် ယခုအပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ် က ဒီဇင်ဘာ ၁၉ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ပန်နီဝေါင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံမည်ဖြစ်ပြီး ၆ ကြိမ်မြောက် ဩစတြေးလျ-တရုတ် နိုင်ငံခြားနှင့် မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဝေါင်သည် ဗုဒ္ဓဟူးနေ့တွင် နှစ် ၅၀ ပြည့်မြောက်မည့် နှစ်နိုင်ငံကြားရှိ သံတမန်ရေး ဆက်ဆံရေး အထိမ်းအမှတ်နေ့အတွက်ပါ တရုတ်နိုင်ငံသို့ သွားရောက်မည့်ဟန်တူသည်။

၂၀၁၉ ခုနှစ်နောက်ပိုင်း ၌ဩစတြေးလျ ဝန်ကြီးတစ်ဦးက ပေကျင်းသို့ သွားရောက်လည်ပတ်သည့် ပထမဆုံး ခရီးစဉ်ဖြစ်လာမည့်အပြင် နှစ်နိုင်ငံမှ ထိပ်တန်း သံတမန်များကြား ၂၀၁၈ ခုနှစ် နောက်ပိုင်း ပေကျင်းတွင် တွေ့ဆုံဆွေးနွေးကြမည့် ပထမဆုံးပွဲလည်း ဖြစ်သည်။

ထိုခရီးစဉ်ကို ကြည့်ခြင်းဖြင့် ပြီးခဲ့သည့်နှစ်များအတွင်း ကိုဗစ်-၁၉ ၏ မူလဇစ်မြစ် ပြဿနာကြောင့် စတင်၍ ယိုယွင်းပျက်စီးသွားခဲ့သည့် ပေကျင်းနှင့် ကင်ဘာရာကြားရှိ သံတမန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာသည်ကို သိနိုင်သည်။

အယ်လ်ဘာနီးစ်ကိုယ်တိုင် တရုတ်နှင့် တည်ငြိမ်သော ဆက်ဆံရေးကိုရရှိရန် ကြိုးပမ်းနေသည်ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here