ပြည်ပမှလူစီးယာဥ်များတင်သွင်းရာ၌ ၂၀၂၂ ခုနှစ်ထုတ်မှစတင်သည့် မော်တော်ယာဥ်များကိုသာတင်သွင်းရမည်

0
294

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်များတင်သွင်းရာတွင် ထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ(ခ)အရ အမိန့်ကြော်ငြာစာအမှတ်(၇၃/၂၀၂၂)ဖြင့် ဒီဇင် ဘာ ၁ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြည်ပမှလူစီးမော်တော်ယာဥ်များတင်သွင်းရာ တွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် လုပ်ငန်းသုံးယာဉ်များဖြစ်သည့်(ကုန်တင်ယာဉ်/ခရီးသည်တင်ယာဉ်)များကိုလည်း ၂ဝ၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ မီးသတ်ယာဉ်/လူနာ တင်ယာဉ်များအား ၂ဝ၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ယန္တရားများအား ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အသီးသီးသတ်မှတ်ခဲ့သည်။

ထိုသို့ ပြည်ပမှမော်တော်ယာဥ်များတင်သွင်းရာ၌ ခုနှစ်သတ်မှတ်ခြင်းများအပြင် တင်သွင်းသည့်ယာဥ်များမှာ လက်ဝဲစတီယာရင်အသုံးပြုသည့် ယာဥ်များသာဖြစ်ရမည်ဟု အသိပေးထုတ်ပြန်ချက်၌ ရေးသားထားသည်။

အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် လုပ်ငန်းသုံးယန္တရားများအား လွန်ခဲ့သော (၁၅)နှစ်အတွင်းထုတ်လုပ်သည့်ယာဉ်(၂၀၀၉ ခုနှစ်နှင့်အထက်ထုတ်လုပ်သောယာဉ်)များအဖြစ် တင်သွင်းခွင့်ပြုခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ယခု ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်မှာ လုပ်ထုံး လုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်သွင်းခွင့်ပြုသည့် မော်တော်ယဉ်ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်းဖြစ်ကာ မော်တော်ယာဉ်တင်သွင်းမှုနှင့်ပတ်သက်၍ လက် ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒများကို ပြောင်းလဲခြင်းမပြုဘဲ ဆက်လက်ကျင့်သုံးလျက်ရှိသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here