ထောက်လှမ်းရေးဂြိုလ်တုအတွက် အရေးကြီးသောစမ်းသပ်မှုများလုပ်ခဲ့ဟု မြောက်ကိုရီးယားအတည်ပြု

0
161

‌ဆိုးလ်၊ဒီဇင်ဘာ ၁၉

မြောက်ကိုရီးယားသည် ထောက်လှမ်းရေးဂြိုလ်တုတစ်ခုတီထွင်ရန်အတွက် အရေးကြီးသော နောက်ဆုံးအဆင့်စမ်းသပ်မှုကို တနင်္လာနေ့က ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလတွင် အပြီးသတ်ရန်ကြိုးပမ်းနေသည်ဟု နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြခဲ့သည်။

တောင်ကိုရီးယားနှင့်ဂျပန်တို့၏ အရှေ့ဘက်ကမ်းရိုးတန်းသို့ မြောက်ကိုရီးယား၏ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ကြေငြာချက်ထွက်လာပြီးနောက်တစ်ရက်တွင် ယခုအစီရင်ခံစာ ပေါ်ထွက်လာခြင်းဖြစ်သည်။

ပြုံယမ်း၏ နိုင်ငံေတာ်လေကြောင်းနှင့်အာကာသဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုအဖွဲ့ (NADA) သည် ၎င်း၏အနောက်မြောက်ပိုင်းရှိ Sohae ဂြိုလ်တုလွှတ်တင်ရေးစခန်းတွင် စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း KCNA ၏ဖော်ပြချက်အရသိရှိရသည်။

ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ယခုစမ်းသပ်မှုသည် ဧပြီလတွင်အပြီးသတ်မည့် ထောက်လှမ်း‌ရေးဂြိုလ်တုလွှတ်တင်ရေး၏ နောက်ဆုံးအဆင့်တစ်ခုဟုလည်း ခေါ်ဆိုခဲ့သည်။ပြုံယမ်းသည် ဒုံးကျည်များပစ်လွှတ်နေစဉ်အတွင်း ဂြိုလ်တုစနစ်များကိုလည်းစမ်းသပ်နေခဲ့သည်။

ထောက်လှမ်းရေးဂြိုလ်တုလုပ်ဆောင်ရန်ကြိုးပမ်းခြင်းသည် အမေရိကနှင့်၎င်းမဟာမိတ်များ၏ လုပ်ဆောင်ချက်များအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း ကင်မ်ဂျုံအန်းကပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ပြီး ၎င်း၏ရန်စမှုများနှင့် နျူကလီးယားနှင့်ဒုံးကျည်ဖွံ့ဖြိုးတိုးတက်မှုများသည် ၎င်း၏ကိုယ်ပိုင်အုပ်ချုပ်မှုကိုသာ အန္တရာယ်ဖြစ်စေသည်ဟုလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here