ပိတ်ဆို့အရေးယူမှုအသစ်က အီးယူကိုသာ ထိခိုက်မည်ဟု ရုရှားဆို

0
142

မော်စကို၊ဒီဇင်ဘာ ၁၉

မော်စကိုအပေါ် အီးယူက ယခုနောက်ဆုံးချမှတ်လိုက်သည့် ပိတ်ဆို့အရေးယူမှုအစီအစဉ်သည် အီးယူ၏ပြဿနာများကို သာပိုမိုဆိုးရွားစေမည်ဟု ရုရှားက စနေနေ့တွင်ပြောကြားခဲ့သည်။

အီးယူခေါင်းဆောင်များသည် ရုရှားဆန့်ကျင်ရေးပိတ်ဆို့အရေးယူမှုအားလုံးနှင့် ရုရှားအပေါ်ဖိအားပေးမှုများ၏ အဓိပ္ပာယ်မဲ့အချည်းနှီးဖြစ်ရပုံများအား နားမလည်နိုင်ခဲ့ကြဟု နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အီးယူသည် ရုရှားအပေါ် ကိုးကြိမ်မြောက် ဒဏ်ခတ်အရေးယူသည့်အနေဖြင့် ယူကရိန်းအရေး၌အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည့် စီးပွားရေးဆိုင်ရာပုဂ္ဂိုလ်များအား ပစ်မှတ်ထားပိတ်ဆို့သည့် အစီအစဉ်ကို သောကြာနေ့ကထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါဒဏ်ခတ်မှုတွင် တစ်ဦးချင်းနှင့်အဖွဲ့အစည်းပေါင်း ၂၀၀ နီးပါးကို အမည်ပျက်စာရင်းသွင်းထားပြီး ရုရှားဘဏ် ၃ ခု၊ ပို့ကုန်ကန့်သတ်ချက်အများအပြားနှင့်ရုရှားမီဒီယာ ၄ ခုအား ပိတ်ပင်မှုများ ပါဝင်သည်။

ယခင်ပိတ်ဆို့အရေးယူမှုများကြောင့် ဥရောပတွင် စွမ်းအင်အကျပ်အတည်းနှင့် ငွေကြေးဖောင်းပွမှုသာ မြင့်မားလာစေခဲ့သည်ဟု Zakharova ကပြောကြားခဲ့သည်။

ရုရှားအပေါ် အီးယူ၏ပိတ်ဆို့အရေးယူမှုသည်အရင်းအမြစ်ရှာဖွေရာ၌ အနောက်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိသော အာဖရိက၊အာရှနှင့်လက်တင်အမေရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံများကိုသာထိခိုက်စေကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here