ပန်းဆိုးတန်း-ဒလ ပြေးဆွဲသည့် ချယ်ရီ(၂)ရေယာဥ်ပေါ်၌ လက်လုပ်မိုင်းပေါက်ကွဲမှုအား ပြင်းထန်စွာရှုတ်ချကြောင်း သဘောထားများထုတ်ပြန်

0
138

ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်၊မိသားစုရပ် ကွက်ရှိ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ခရီးသည်များတင်ဆောင်မောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်ပေါ်တွင် ဒီဇင်ဘာ ၁၈ ရက်ည ၆ နာရီ ၄၀ မိနစ်ခန့်က လက်လုပ်မိုင်းပေါက်ကွဲ၍ ၁၇ ဦးဒဏ်ရာရခဲ့သည်။

ပြည်တွင်းရေကြောင်းပိုင် ချယ်ရီ(၂)ရေယာဉ်သည် ဆိပ်ကမ်းမှမီတာ(၅၀)ခန့်အကွာအရောက် ရေယာဉ်အောက်ထပ် နောက်သံလှေခါးအခြေ၌ PDF အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်တွင် ခရီးသည် အမျိုးသား၊အမျိုးသမီး ၁၇ ဦးမိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဖြစ်စဥ်အား ပြင်းထန်စွာရှုတ်ချကြောင်း အသင်းအဖွဲ့များက အသီးသီးထုတ်ပြန်ခဲ့ကြသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊မြန်မာနိုင်ငံစာရေးဆရာအသင်း၊မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့က ဖြစ်စဥ်အားလက်မခံနိုင်ကြောင်းနှင့်ပြင်းထန်စွာရှုတ်ချကြောင်းတို့ကို အသီးသီးထုတ်ပြန်ခဲ့ကြသည်။

ဖြစ်စဥ်၌ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သူ ၁၇ ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း နစက ၏ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here