တရုတ်၌ကိုဗစ်ကြောင့် သေဆုံးနေခြင်းသည် တစ်ကမ္ဘာလုံးအတွက် စိုးရိမ်စရာ ဖြစ်နေ- အမေရိကန် နိုင်ငံခြားရေးဌာန

0
247

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀

တရုတ်နိုင်ငံသည် လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုများနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများ ဖြစ်ပေါ်နေသည့်အပေါ် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု အမေရိက က မျှော်လင့်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ဒီဇင်ဘာလ ၂၀ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) အရွယ်အစားနဲ့ စီးပွားရေး အင်အားကြီးမှုကြောင့် သူတို့နိုင်ငံတွင်း ဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့ သေဆုံးမှုတွေ ဖြစ်ပေါ်လာတာဟာ တစ်ကမ္ဘာလုံးအတွက် စိုးရိမ်စရာဖြစ်နေပါတယ်” ဟု ပရိုက်စ်က ဆိုသည်။

ကိုဗစ်-၁၉ ရောဂါနှင့် ဆက်နွှယ်နေသော ကိစ္စများကို တရုတ်နိုင်ငံက အလျင်အမြန် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမှာ သူတို့အတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးရှိကြောင်း သူကပြောခဲ့သည်။

ထို့အပြင် ဗိုင်းရပ်စ်သည် ပျံ့နှံနေစဉ်အတွင်း သန္ဓေပြောင်းသွားနိုင်ချေရှိပြီး နေရာတိုင်းအတွက် အန္တရာယ်ဖြစ်စေလာနိုင်ကြောင်း ပရိုက်စ်က သတိပေးခဲ့သည်။

တရုတ်နိုင်ငံသည် လော့ခ်ဒေါင်းများနှင့် အတားအဆီးများ ဖြေလျှော့ပြီးနောက်ပိုင်း ကိုဗစ်ကြောင့် သေဆုံးရသည့် လူအရေအတွက်ကို တနင်္လာနေ့တွင် ပထမဆုံး ပြန်ခဲ့သည်။

လူနှစ်ဦးသာ သေဆုံးကြောင်း တရားဝင် ထုတ်ပြန်ထားသော်လည်း ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသာ‌ ပုံများအရ ထိုထက်မက သေဆုံးနေကြောင်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here