ငလျင်ဒဏ်ကြောင့် နှစ်ပေါင်း ၁၇၄ နှစ်သက်တမ်းရှိ အောက်မေးစေ့ပြုတ်ကျခဲ့သည့် ချမ်းအေးသာစံမြို့နယ်မှ ဆင်ဖြူတော်ရုပ်ထုအား ပြန်လည်ပြင်ဆင်ရန်စတင်ပြုလုပ်

0
181

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်ရှိ နှစ်ပေါင်း ၁၇၄ နှစ်သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်းသမိုင်းဝင်ဆင်ဖြူနှစ်ကောင်ရုပ်ထု ၂ ခုအနက် အောက်မေးစေ့ပြုတ်ကျခဲ့သည့် ဆင်ဖြူတော်အားပြန်လည်ပြင်ဆင်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဆင်ဖြူတော်ရုပ်ထု ၂ ခုသည် ချမ်းအေးသာစံမြို့ နယ်၊ ၈၆ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၌ရှိပြီး ဒီဇင်ဘာ ၁၆ ရက်မွန်းလွဲ ၂ နာရီခွဲခန့်က လှုပ်ခတ်ခဲ့သည့် အင်အားရင်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် ဆင်ဖြူတော်တစ်စီး၏ အောက်မေးစေ့ပြုတ်ကျပျက်စီးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ အောက်မေးစေ့ပြုတ်ကျခဲ့သည့် ဆင်ဖြူတော်အား ပြန်လည်ပြင်ဆင်ရန် ငြမ်းဆင်လျက်ရှိပြီး လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်ရာ၌ အသုံးပြုရန် မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးမှ အလှူငွေကျပ် ၅ သိန်းမတည်ကာ အခြားအလှူရှင်များကလည်း လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ငြမ်းဆင်နေသည့်လုပ်ဆောင်မှုများအား တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ကြပြီး ဆင်ဖြူတော်ရုပ်ထုများအနီး၌ အမှိုက်စွန့်ပစ်ခြင်းများမပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here