ခင်ပွန်းဟောင်းဂျွန်နီဒပ်အား ကျေအေးတော့မည်ဟုအမ်ဘာဟဒ်ဆို

0
348

နာမည်ကျော်မင်းသမီးအမ်ဘာဟဒ်သည် ခင်ပွန်းဟောင်း မင်းသားဂျွန်နီဒပ်အား အိမ်ထောင်ရေးကာလတစ်လျှောက် အလွဲသုံးစားလုပ်မှုစွပ်စွဲချက်များနှင့် ကာလရှည်ငြင်းခုံတရားရင်ဆိုင်နေခြင်းအား အဆုံးသတ်ကာ ကျေအေးပေးလိုက်တော့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခုကဲ့သို့အမှုပိတ်သိမ်းကျေအေးရန် အကြိမ်ကြိမ်စဉ်းစားခဲ့ရပြီး ဆုံးဖြတ်ချက်ချရန်အင်မတန်ခက်ခဲခဲ့သည်ဟုလည်း၎င်းကဆိုသည်။

ထို့ပြင် ယခုကဲ့သို့အမှုပိတ်သိမ်းလိုက်ခြင်းသည် အလျှော့ပေးလိုက်ခြင်းမဟုတ်ဟုလည်း သူ၏အင်စတာဂရမ်ပို့စ်၌ပြောကြားခဲ့သည်။

ဒပ်နှင့်အမ်ဘာတို့သည် ၂၀၂၂ ခုနှစ်အတွင်း တစ်ဦးကိုတစ်ဦး အပြန်အလှန်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်ရေးကာလတစ်လျှောက် ဒပ်ကအမ်ဘာအား အိမ်တွင်းအကြမ်းဖက်မှုပြုခဲ့သည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ခြောက်ပတ်ကြာတရားရင်ဆိုင်ပြီးနောက် ဇွန်လတွင် တရားသူကြီးများက ဟာ့ထ်ဘက်မှသာ ဒပ်အားအမည်ဖျက်ခဲ့ခြင်းဖြစ်ကြောင်းဆိုကာ ဒေါ်လာ ၁၀ ဒသမ  ၃၅ သန်းအား ဒပ်ထံပေးရန်အမိန့်ချမှတ်ခဲ့သည်။

ယင်းနောက် နစ်နာသည့်အထဲ အမ်ဘာလဲပါသည်ဟုဆိုကာ နစ်နာကြေးဒေါ်လာ ၂ သန်းရရှိစေဟုအမိန့်ချမှတ်ခဲ့သည်။

အဆိုပါစီရင်ချက်အား အမ်ဘာဘက်မှထပ်မံအယူခံဝင်ခဲ့ပြီး တရားစွဲဆိုမှုဆက်လုပ်ရန်ရည်ရွယ်ခဲ့သော်လည်း ယခုအခါ အဆိုပါဆုံးဖြတ်ချက်အား ရပ်တန့်ကာကျေအေးလိုက်တော့မည်ဟုဆိုခြင်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here