ရှောင်းမီက လုပ်သားအင်အား ၁၅ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်

0
236

ဟောင်ကောင်၊ ဒီဇင်ဘာ ၂၀

တရုတ်စမတ်ဖုန်းကုမ္ပဏီကြီး ရှောင်းမီသည် ၎င်း၏ စမတ်ဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းရှိ ဌာနအများအပြားတွင် အလုပ်သမားများကို စတင် အလုပ်ထုတ်နေပြီး လုပ်သားအင်အား ၁၅ ရာခိုင်နှုန်းအထိ လျှော့ချသွားမည် ဖြစ်ကြောင်း South China Morning Post သတင်းဌာနက ဒီဇင်ဘာလ ၂၀ ရက် အင်္ဂါနေ့တွင် ဖော်ပြထားသည်။

အလုပ်ထုတ်ခံရသော ဝန်ထမ်းများနှင့် ဒေသတွင်းမီဒီယာများက တင်ထားသော ဆိုရှယ်မီဒီယာရှိ ပို့စ်များကို ကိုးစား၍ ပြန်လည်ဖော်ပြထားသည်ဟု South China Morning Post သတင်းဌာနက ဆိုသည်။

ဝေဘော်၊ ရှာဟုန်ရှူး၊ မိုင်းမိုင် ကဲသို့သော ဆိုရှယ်မီဒီယာများတွင် ရှောင်မီ၏ အလုပ်သမား လျှော့ချခြင်းနှင့် ပတ်သက်သော ပို့စ်များဖြင့် နေရာယူလျက် ရှိကြောင်း သိရသည်။

စက်တင်ဘာလ ၃၀ ရက်အထိ ရရှိထားသော အချက်အလက်အရ ရှောင်းမီကုမ္ပဏီတွင် စုစုပေါင်း ဝန်ထမ်း ၃ သောင်း ၅ ထောင်ကျော်ရှိပြီး ၃ သောင်း ၂ ထောင်မှာ တရုတ်ပြည်မကြီးမှ ဖြစ်သည်။

အဆိုပါ အပြောင်းအရွှေ့တစ်ခုကြောင့် တရုတ်နိုင်ငံအတွင်းရှိ အလုပ်သမား ထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကြောင်း သိရသည်။

တရုတ်၏ ကိုဗစ် ကန့်သတ်ချက်များနှင့် သုံးစွဲသူများ၏ ဝယ်လိုအား ကျဆင်းမှုကြောင့် ကုမ္ပဏီ၏ ဝင်ငွေမှာ တတိယ သုံးလပတ်အတွင်း ၉ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ရှောင်းမီက ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့သည်။

Source :CNA


LEAVE A REPLY

Please enter your comment!
Please enter your name here