မိုင်းဖုန်းဆရာတော်ကြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ်သို့ ကြွရောက်ကာ တရားချီးမြင့်

0
347

မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏသံဝရသည် ယနေ့ ဒီဇင်ဘာ (၂၀) ရက် မွန်းလွဲ (၁)နာရီခွဲတွင် ကျိုင်းတုံမြို့၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမသို့ ကြွရောက်ကာ တရားချီးမြင့်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ကြွရောက်ခဲ့ရာတွင် တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တပ်မတော်သားများ၊ မိသားစုဝင်များမှ ကြိုဆိုဖူးမျှော်ခဲ့ကြကြောင်း သိရသ ည်။

ဆရာတော်ကြီးမှ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များနှင့်အတူ ပရိတ်တရားတော်များ ရွတ်ပွားခြင်း၊မေတ္တာ ပို့အမျှဝေခြင်းများ ပြုလုပ်ခဲ့ပြီး ညနေ (၃) နာရီဝန်းကျင်တွင် မိုင်းခတ်မြို့သို့ ဆက်လက်ကြွချီသွားကြောင်း သိရသည်။

မိုင်းဖုန်း ဆရာတော်ဘုရားသည် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက ၎င်း၏ (၃) နှစ် (၃) လ (၃) ရက် ဂူအောင်းအဓိ ဌာန်ဝင်ရာမှ ဂူထွက်ခဲ့ပြီး (၆) ရက်ကြာ တရားဟောကြားတော်မူပြီး နယ်လှည့်သာသနာပြု လုပ်ငန်းများ လုပ်ဆော င်နေခြင်း ဖြစ်သည်။

ဆရာတော်ဘုရားကြီးသည် ဩဂုတ်လအတွင်း၌ပင် ကျ န်းမာရေးချို့ယွင်းခဲ့သည့်အတွက် ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ပြန်လည် ကျန်းမာလာခြင်း ဖြစ်သည်။

ဓာတ်ပုံ – ကဗ္ဘောဇတိုမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here