နိုင်ငံတကာပျံသန်းသည့် ကုန်တင်လေယာဉ်တွင် တရုတ်နိုင်ငံမှထုတ်လုပ်သည့် ဇီဝလောင်စာရည်ကို ပထမဆုံး အသုံးပြုပျံသန်း

0
212

တရုတ်နိုင်ငံ Sinopec ကုမ္ပဏီမှ ထုတ်လုပ်သော လေကြောင်းပျံသန်းရေးဆိုင်ရာ ဇီဝလောင်စာရည်အား နိုင်ငံတကာကုန်စည်ပျံသန်းမှုတွင် ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့က အောင်မြင်စွာအသုံးပြုပျံသန်းခဲ့ကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်း ပြည်နယ်ရှိ ဟန်ကျိုးမြို့မှ ထွက်ခွာပြီး ၁၂ နာရီအကြာတွင် ဥရောပတိုက် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆင်းသက်ခဲ့ကြောင်း သိရသည်။

ပြန်လည်ပြည့်ဖြိုးမြဲလေကြောင်းပျံသန်းရေးလောင်စာရည် သို့မဟုတ် (Sustainable Aviation Fuel-SAF)ကို အသုံးပြုပြီးချက်ပြုတ်ဆီ၊ တိရစ္ဆာန်ဆီ သို့မဟုတ် မွေးမြူရေးနှင့်သစ်တောစွန့်ပစ်ပစ္စည်းများကဲ့သို့သော အရာများမှထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

British Petroleum ၏ လေကြောင်းကဏ္ဍဆိုင်ရာ လောင်စာထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Air BP ကမူ ပြန်လည်ပြည့်ဖြိုးမြဲလေကြောင်းပျံသန်းရေးလောင်စာရည် သို့မဟုတ် (Sustainable Aviation Fuel-SAF)သည် သာမန်လောင်စာကိုအသုံးပြုခြင်းနှင့်နှိုင်းယှဉ်လျှင် ကာဗွန်ထုတ်လွှတ်မှုပမာဏကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဟု ခန့်မှန်းထားပြီး အသုံးပြုပြီးချက်ပြုတ်ဆီ၊ တိရစ္ဆာန်ဆီ သို့မဟုတ် မွေးမြူရေးနှင့် သစ်တောစွန့်ပစ်ပစ္စည်းများကဲ့သို့သော အရာများမှထုတ်လုပ်မှုနည်းလမ်းနှင့် ထောက်ပံ့ရေးကွင်းဆက်ပေါ်မူတည်၍ သမားရိုးကျလေယာဉ်ဆီများကို အစားထိုးသုံးစွဲသွားမည်ဖြစ်သည်။

Sinopec ကုမ္ပဏီသည် SAF ကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အသုံးပြုခွင့်လက်မှတ်ရရှိခဲ့သည်။ ယခုနှစ် ဇွန်လမှစတင်ကာ တရုတ်နိုင်ငံအရှေ့ပိုင်းရှိ စက်မှုလုပ်ငန်းခွင်တွင် အဆိုပါ လေကြောင်းလောင်စာများကို စတင်ထုတ်လုပ်ခဲ့သည်။

ယင်းလောင်စာဆီများကို China Eastern လေကြောင်းလိုင်း၊ China Southern Airlines နှင့် Air China တို့က ပြည်တွင်းလေကြောင်းပျံသန်းမှုတွင် အသုံးပြုလျှက်ရှိနေပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here