အာဆီယံဥက္ကဋ္ဌက တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း

0
171

ဖနွမ်းပင်၊ဒီဇင်ဘာ ၁၉

အာဆီယံအလှည့်ကျဥက္ကဌသက်တမ်း ၁၂ ရက်အတွင်းကုန်ဆုံးမည့် ကမ္ဘောဒီးယားနိုင်ငံ၏ဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံနှင့် တရုတ်တို့ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ကြရန်  ယနေ့နံနက်ကတိုက်တွန်းခဲ့သည်။

အာဆီယံနှင့်တရုတ်တို့သည် လူမှုစီးပွားပေါင်းစည်းမှုကိုအရှိန်မြှင့်ရန်၊ကုန်သွယ်မှု အတားအဆီးများဖယ်ရှားရန်၊ဒေသတွင်း ထောက်ပံ့မှုနှင့်ထုတ်လုပ်မှုကွင်းဆက်များမြှင့်တင်ရန်၊ဒစ်ဂျစ်တယ်စီးပွားရေး၊ စိမ်းလန်းသည့်ဖွံ့ဖြိုးတိုးတက်မှု၊စွမ်းအင်မှ ထွက်ပေါ်လာသော အခွင့်အလမ်းသစ်များကို ဆုပ်ကိုင်ထားရန်အဓိကအာရုံစိုက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယင်းအပြင် အငယ်စား, အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) များအတွက်လည်း စွမ်းဆောင်ရည်များ မြှင့်တင်ရန်အာရုံစိုက်ရမည်ဖြစ်သည်ဟုဆိုခဲ့သည်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ ပွင့်လင်းမြင်သာမှု၊အားလုံးပါဝင်နိုင်မှုနှင့် အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်လည်း ၎င်းကအကြံပြုခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခြင်းအားဖြင့် လွန်ခဲ့သည့်ဆယ်စုနှစ်သုံးခုအတွင်း အာဆီယံ – တရုတ်ပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့ကြောင်းလည်း ခုနှစ်အလိုက် ပမာဏများဖြင့် မစ္စတာဟွန်ဆန်က သာဓကပြုပြောကြားခဲ့သည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here