တောင်သာမြို့ “ဦးဆင့်”ရတနာရွှေဆိုင်တွင် သေ နတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၃၇၀၀ ကျော် ရွှေထည်ပစ္စည်းများအားလုယက်ယူဆောင်သွား

0
166

မန္တလေးတိုင်း၊တောင်သာမြို့၊အမှတ်(၄)ရပ်ကွက်ရှိ “ဦးဆင့်”ရတနာရွှေဆိုင်တွင် ဒီဇင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီခွဲခန့်က အမည်မသိအမျိုး သား ၄ ဦးသည် တောင်သာမြို့၊အမှတ်(၄)ရပ် ကွက်၊အရှေ့ဈေးတောင်ဘက်ရှိ “ဦးဆင့်”ရတနာရွှေဆိုင်သို့ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာခဲ့သည်။

ထို့နောက် ရွှေဆိုင်ဝန်ထမ်းများအား အသင့်ပါလာသည့် သေနတ်များပြ၍ခြိမ်းခြောက်ကာ မှောက်နေရန်ပြောဆိုပြီးနောက် ရွှေထည်ပစ္စည်းများထည့်ထားသည့် မှန်ကောက်တာများကိုရိုက်ခွဲပြီး ငွေကျပ် ၃၇၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

“သိရသလောက်ဆိုရင် ပါသွားတဲ့ရွှေထည်တွေက ၁ ပိဿာ ၄၀ သားလောက်ရှိတယ် စစ်ဆေးရေးတွေဆက်တိုက်လုပ်နေတာတွေ့တယ် ဓားပြတိုက်တဲ့လူ ၄ ယောက်က Mask တွေတပ်ထားတယ်လို့သိရတယ်”ဟု လုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ ပြစ်မှုကျူးလွန်သွားသူများအားဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။

ယင်းနေ့နံနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့ နယ်ရှိ “မောသစ်”ရွှေဆိုင်အားသွားရောက်ဖွင့်လှစ်ရန်ထွက်ခွာလာစဥ် ရွှေထည်ပစ္စည်းများထည့်ထားသည့် ရွှေခြင်း ၂ ခြင်းအား သေနတ်ပြခြိမ်း ခြောက်၍ ဓားပြတိုက်လုယက်ယူဆောင်သွားမှုဖြစ်ပွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here