အာဂျင်တီးနား လက်ရွေးစင်များ၏ ဘတ်စကားပေါ်သို့ လူနှစ်ဦး ခုန်ချ၊ တစ်ဦးဒဏ်ရာပြင်းထန်စွာရ

0
389

ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲခဲ့သော အာဂျင်တီးနား လက်ရွေးစင်အသင်းသည် ဒီဇင်ဘာလ ၂၀ ရက် အင်္ဂါနေ့က မြို့တော် ဗွေနိုဇာရီ အ‌ရောက် ဘတ်စကားပေါ်တွင် ကမ္ဘာ့ဖလားဆုကို ကိုင်မြောက်၍ အောင်ပွဲခံ လှည့်လည်ခဲ့ရာ သန်းနှင့်ချီသော ပရိသတ်များက သောင်းသောင်းဖျဖျ လာရောက် ကြိုဆိုခဲ့ကြသည်။

မက်ဆီ အပါအဝင် အခြားသော ကစားသမားများသည် အပေါ်ပိုင်း အဖုံးပွင့် ဘတ်စကားပေါ်တွင် လိုက်ပါစီးနင်း၍ မြို့အနှံ့ လှည့်လည် အောင်ပွဲခံခဲ့ကြသည်။

ထိုနေ့အတွင်း လက်ထပ်ခွင့်တောင်းခြင်း၊ လမ်းမပေါ်တွင် ကခုန်ခြင်းများ၊ ပရိသတ်များက သီချင်းများ သီဆို၍ ကြိုဆိုခြင်းကဲ့သို့သော ရင်သပ်ရှုမောဖွယ် အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သကဲ့သို့ မတော်မဆမှုများလည်း ဖြစ်ပွားခဲ့သည်။

အထူးသဖြင့် အပျော်လွန်နေသော ပရိသတ်နှစ်ဦးသည် သူတို့ရှိရာ လူကူး ခုံးတံတားအောက်မှ လက်ရွေးစင်အသင်း၏ ဘတ်စကား ဖြတ်သန်းသွားစဉ် ကားပေါ်သို့ ခုန်ချခဲ့ကြသည်။

တစ်ဦးသည် ကစားသမားများရှိရာ ဘတ်စကားပေါ်သို့ ချောချောမွေ့မွေ့ ရောက်သွားခဲ့သော်လည်း နောက်တစ်ဦးမှာမူ ဘတ်စကားနှင့် လွဲချော်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်ကို အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုများတွင် တွေ့ရသည်။

ပြုတ်ကျသွားသော သူမှာ ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်ဟု သိရသည်။

ထိုသို့ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေး အရာရှိများက အောင်ပွဲခံ လှည့်လည်ခြင်းကို ရပ်တန့်ခဲ့ကာ လက်ရွေးစင်များအား လက်ကျန်ခရီးစဉ်ကို ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Source: Sporting News


LEAVE A REPLY

Please enter your comment!
Please enter your name here