၃ နှစ်အတွင်း ပထမအကြိမ် အိမ်ရှင်အဖြစ် လက်ခံကစားသည့်ပွဲတွင် မြန်မာအသင်း မလေးရှားအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်

0
176

မြန်မာနိုင်ငံက ၃ နှစ်အတွင်း ပထမအကြိမ်အိမ်ရှင်အဖြစ် လက်ခံကစားသည့်ပွဲဖြစ််သည့်မြန်မာအသင်းနှင့် မလေးရှားအသင်းပွဲစဉ်တွင်  မြန်မာအသင်းက မလေးရှားအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့သည်။

၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားလက်ရွေးစင်အသင်းတို့သည် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ယနေ့ ဒီဇင်ဘာ (၂၁) ရက်် ညနေ ၄ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်း၏ အသင်းခေါင်းဆောင် မောင်မောင်လွင် ဒဏ်ရာရပြီးနောက်ပိုင်း

မလေးရှား အသင်းသည် ပွဲကို စိုးမိုးကစားခဲ့ပြီး ပွဲကစားချိန် ၅၂ မိနစ်တွင် ဦးဆောင်ဂိုး ရရှိခဲ့သည်။

ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက်ပိုင်း မြန်မာအသင်းသည် တရစပ်တိုက်စစ်ဆင်ကစားလာပြီး မလေးရှားနောက်တန်းကို အကောင်းဆုံး ဖိအားပေးကစားလာခဲ့ကာ ပွဲပြီးခါနီး ၉၁ မိနစ်တွင် ပင်နယ်တီ ရရှိခဲ့ပေမယ့်လည်း မလေးရှားဂိုးသမား က လက်စွမ်းပြ ကာကွယ်သွားခဲ့သည်။

ထို့ကြောင့်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက မလေးရှားအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းသည် ဒီဇင်ဘာ ၂၄ ရက်တွင် စင်္ကာပူအသင်း (အဝေးကွင်း)၊ ဒီဇင်ဘာ ၃၀ ရက်တွင် လာအိုအသင်း (အိမ်ကွင်း)၊ ၂၀၂၃ ဇန်နဝါရီ ၃ ရက်တွင် ဗီယက်နမ်အသင်း (အဝေးကွင်း) စသည့်အသင်းများကို ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here