စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့် ငါးမူးသား ရွှေဒင်္ဂါးများ အသစ်သွန်းလောင်း ထုတ်ဝေမည်

0
357

လာမည့် ၂၀၂၃ ခုနစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့် ငါးမူးသား ရွှေဒင်္ဂါးများ အသစ် သွန်းလောင်းထုတ်ဝေမည် ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

အသစ်‌သွန်းလောင်းမည့် တစ်ကျပ်သားရွှေဒင်္ဂါးသည် အချင်း ၂၆ ဒသာမ ၀ မီလီမီတာ၊ အထူ ၂ ဒသာမ ၀ မီလီမီတာ၊ ဒင်္ဂါး၏ရှေ့မျက်ပြင်အလယ်ဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ဆင်ဖြူတော်ပုံ၏ ယာဖက်တွင် “၇၅ နှစ်မြောက်”၊ ဆင်‌ဖြူတော်အောက်ခြေတွင် “၁ ကျပ်သား ၂၀၂၃”ဟု ဖော်ပြထားပြီး၊ ရွှေဒင်္ဂါးပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” “၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့” ရွှေဒင်္ဂါးကျောဖက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိကာ အင်္ဂလိပ်ဘာသာဖြင့် “75th” ပုံအောက်ဖက်တွင် “16.329 gm 2023” ဟုလည်ကောင်း၊ ရွှေဒင်္ဂါးအနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee Independence Day” ဟု ဖော်ပြထားသည်။

ငါးမူးသားရွှေဒင်္ဂါးသည် အချင်း ၂၂ ဒသာမ ၀ မီလီမီတာ၊ အထူ ၁ ဒသာမ ၅ မီလီမီတာ၊ ဒင်္ဂါး၏ရှေ့မျက်ပြင်အလယ်ဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ဆင်ဖြူတော်ပုံ၏ ယာဖက်တွင် “၇၅ နှစ်မြောက်”၊ ဆင်‌ဖြူတော်အောက်ခြေတွင် “၁ ကျပ်သား ၂၀၂၃”ဟု ဖော်ပြထားပြီး၊ ရွှေဒင်္ဂါးပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” “၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့” ရွှေဒင်္ဂါးကျောဖက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိကာ အင်္ဂလိပ်ဘာသာဖြင့် “75th” ပုံအောက်ဖက်တွင် “16.329 gm 2023” ဟုလည်ကောင်း၊ ရွှေဒင်္ဂါးအနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee Independence Day” ဟု ဖော်ပြထားသည်။

အဆိုပါတစ်ကျပ်သား နှင့် ငါးမူးသား ရွှေဒင်္ဂါးများ၀ယ်ယူသည့်အခါ ရွှေဒင်္ဂါးနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌနှင့် သွန်း‌လောင်းသည့်ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံစာပါ ပါရှိမည်ဟု သိရသည်။

အဆိုပါတစ်ကျပ်သား နှင့် ငါးမူးသား ရွှေဒင်္ဂါးများကို မြန်မာ့ကျောက်မျက်ရတနာရောင်း၀ယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက် မှစ၍ ၀ယ်ယူနိုင်မည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here