မော်လမြိုင်တွင် အမျိုး သမီးတစ်ဦး သံလွင်မြစ်အတွင်း သို့ ခုန်ချ ၊ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ 

0
119

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယနေ့ ဒီဇင်ဘာ (၂၁) ရ က် ညဦးပိုင်းက အမျိုးသမီးတစ်ဦး သံလွင်မြစ်အတွင်း ခုန်ချခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ည (၇) နာရီ ဝန်းကျင်တွင် မော်လမြိုင်မြို့ ၊ ကမ်း နား လမ်းရှိ သံလွင်ဈေး ဘောတံတားပေါ်မှ အမျိုးသမီး တစ်ဦး မြစ်အတွင်း ခုန်ချသွားခြင်း ဖြစ်ကြောင်း ကယ်ဆ ယ်ရေးအဖွဲ့များထံမှ သိရသည်။

ယင်းကဲ့သို့ မြစ်အတွင်း ခုန်ချသွားသူမှာ အသက် (၃၃) နှ စ်အရွယ်ရှိ မငယ်ငယ်ဆိုသူဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ Diving Team နှင့် မော်လမြိုင်မြို့ပေါ်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ များမှ သံလွင်မြစ်အတွင်း ၀ိုင်းဝန်းရှာဖွေ ကယ်ဆယ်ခဲ့ရ‌ေကြာင်း သိရသည်။

ယင်းကဲ့သို့ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရာ ည (၇) နာရီခွဲ ဝန်းကျင်တွင် မြစ်အတွင်း ခုန်ချခဲ့သူ အမျိုးသ မီးအား အသက်ရှင်လျှက် ပြန်လည်ဆယ်ယူနိုင်ခဲ့ကြော င်း အခင်းဖြစ်ပွားရာ မြေပြင်သို့ ရောက်ရှိခဲ့သည့် ဒေသခံတစ်ဦးထံမှ သိရသည်။

” ဟုတ်တယ်။ (၇) နာရီလောက်က ခုန်ချသွားတာ။ ကယ်ဆ ယ်ရေးအဖွဲ့တွေ ဝိုင်းရှာတော့ တံတားတိုင်ကို ဖက်ထားတာ တွေ့ပြီး ကယ်လိုက်နိုင်တာ။ (၇) ခွဲလောက်မှာပေါ့။ ဘယ်မှာ နေတာလဲတော့ မသိသေးဘူး ပြောတယ် ။ အခုတော့ ဆေးရုံမှာ ပို့လိုက်ကြတယ်လေ ” ဟု ၎င်းက ဆိုသ ည်။

အဆိုပါ အမျိုးသမီး မြစ်အတွင်းခုန်ချသွားသည်ကို အခ င်း ဖြစ်နေရာအနီး၌ ၎င်း၏ ဖိနပ်ကိုတွေ့ရှိရာမှ သတိထားမိခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ဆင်သည့် မျက်မှန်တစ်လက်ကိုပါ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ/ Source  – ဇင်မိုး


LEAVE A REPLY

Please enter your comment!
Please enter your name here