မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာ နိုင်ငံသားတစ်ဦး Lotto 6D ပေါက်၍ မြန်မာငွေကျပ်သိန်း ၉၅၀ ရရှိ

0
138

မလေးရှားနိုင်ငံ၊မဲတူးမြို့၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး Lotto 6D ပေါက်၍ မြန်မာငွေကျပ်သိန်း ၉၅၀ ရရှိခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

Lotto 6D ရင်းဂစ် ၁ ကျပ်ဖိုးအား အပြင်ဒိုင်မှပေါက်ခဲ့ခြင်းဖြစ်ရာထုတ်ယူရန် အခက်အခဲဖြစ်နေ၍ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)ထံဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ရရှိသည့်ငွေကြေးများအား ကူညီထုတ်ပေးခဲ့သဖြင့် Lotto 6D ပေါက်သူမှ အလှူငွေ ရင်းဂစ် ၅၀၀၀ ပြန်လည်လှူဒါန်းခဲ့သည်။

Lotto 6D ပေါက်သည့် မြန်မာနိုင်ငံသားသည် ရ ခိုင်ပြည်နယ်မှဖြစ်ကာ မလေးရှားနိုင်ငံသို့ရောက်ရှိခဲ့သည်မှာ ၄ လခန့်သာရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်ကလည်း မလေးရှားနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရခိုင် ပြည်နယ်၊ကျောက်တော်မြို့နေသူတစ်ဦးသည် မလေးရှား ၆ လုံးထီ ရင်းဂစ် ၂ ကျပ်ဖိုးပေါက်၍ မြန်မာငွေကျပ်သိန်း ၁၂၀၀ ကျော်ရရှိခဲ့သည်ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here