တရုတ်နိုင်ငံသို့ မူဆယ်မြို့၊ကျင်စန်းကျော့နယ်စပ်ကုန်သွယ်ရေးစခန်းမှတင်ပို့နေသည့် မြန်မာဖရဲ သီးများစျေးကောင်းမရဖြစ်နေ

0
153

ရှမ်းပြည်နယ်၊မူဆယ်မြို့၊ကျင်စန်းကျော့နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်ဘက်သို့တင်ပို့နေသည့် မြန်မာဖရဲသီးများစျေးကောင်းမရဖြစ်နေသည်ဟု ဖရဲသီးတင်ပို့နေသည့် ကုန်သည်များထံမှ သိရသည်။

“ဒီရက်ပိုင်းမှာစျေးကောင်းမရဘူးဖြစ်နေတယ် တစ်ခါတစ်လေဆိုရင် အရှုံးတောင်ပေါ်တယ် အ ဓိက တရုတ်နိုင်ငံဘက်မှအဝယ်သိပ်မရှိတာလည်းပါတယ်”ဟု မြန်မာနိုင်ငံမှဖရဲသီးကုန်သည်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ တရုတ်နိုင်ငံဘက်သို့ ရှမ်းပြည် နယ်မှထွက်သည့်အသီးအနှံများနှင့်မန္တလေးတိုင်းဘက်မှထွက်သည့် အသီးအနှံများ တင်ပို့မှုများ ပြားနေ၍ ရောင်းချရမှုနည်းပါးနေရခြင်းများလည်းရှိနေခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံမှထွက်ရှိတင်ပို့သည့် ဖရဲသီးအပါအဝင်အသီးအနှံများအား ဝယ်ယူမှုနည်းပါးနေသဖြင့် စျေးကောင်းမရရှိခြင်းအပြင် အသီးအနှံပျက်စီးမှုများလည်းရှိနေကြောင်း သိရသည်။

“တရုတ်နိုင်ငံဘက်က ကိုဗစ်စည်းကမ်းတွေဖြေလျော့ပြီးတဲ့ရက်အစပိုင်းတွေမှာတော့ ဖရဲသီးကစျေးကောင်းရတယ် ဒါပေမယ့်သိပ်မကြာဘူး စျေးပြန်ကျသွားတာ”ဟု ဖရဲသီးကုန်သည်တစ်ဦးကပြောသည်။

တရုတ်နိုင်ငံသို့ ဖရဲသီးများတင်ပို့ရာ၌ အစေ့မဲ့ဖရဲသီး ၁ ကီလိုဂရမ်အား ၂ ယွမ်ကျော်ခန့်သာရရှိနေပြီး အဆင့်မမီသည့် ဖရဲသီးများမှာ ၁ ကီလိုဂ ရမ်လျင် ၂ ယွမ်ခန့်သာရရှိကြောင်း ဖရဲသီးကုန် သည်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here