မန္တလေးတွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိပြီး ကွင်းဆက်အဖြစ် မြဝတီမြို့တွင် မူးယစ်ဆေးဝါးနှင့် လက်နက်/ ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

0
321

မန္တလေးတိုင်း၊မဟာအောင်မြေနှင့်အမရပူရမြို့နယ်တို့တွင် ဒီဇင်ဘာ ၁၅ ရက်က ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိပြီးနောက် ကွင်းဆက်အရ မြဝတီမြိုတွင် မူးယစ်ဆေးဝါးနှင့်လက်နက်/ခဲယမ်းများကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၇ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၂)ရပ်ကွက်၊ ၄၂ လမ်းနှင့် ၆၀(c)လမ်းထောင့်တွင် ဇွန်ကိုလတ်နှင့်မခင်လဲ့ရည်ဖြိုး(ခ)နန်းမိငယ် တို့ထံမှ စိတ်ကြွဆေးပြား ၁ ဒသမ ၈ သိန်းပြားကိုဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ နံနက် ၁၀ နာရီ၌ အမရပူရမြို့နယ်၊မြစ်ငယ်မြို့၊စာတိုးကျေးရွာရှိ ၎င်းတို့၏ နေအိမ်မှ စိတ်ကြွဆေးပြား ၅ သိန်းပြားအားထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထပ်မံစစ်ဆေးချက်အရ ည ၉ နာရီခွဲတွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းရှိ တည်းခိုခန်းတစ်ခုအတွင်းမှ စိုင်းလောင်ခမ်း(ခ)ဝမ်ရှီတာ(ခ)ဝတုတ်၊ နေထွန်းလှ(ခ)အိုက်ရင်၊ အောင်ကိုထွေး (ခ)ကိုစိုင်းနှင့်ကျင်ချန်း(ခ)လီကျင်ချန်း တို့အား ပစ္စတိုသေနတ် ၁၉ လက်၊ ၎င်းကျည်အိမ် ၂၄ ခု၊ AK-47 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ 9 MM ကျည် ၁၆ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ မြဝတီမြို၊အမှတ်(၄)ရပ်ကွက်၊အောင်ဓနလမ်းရှိ အဟုန် ၏ နေအိမ်အားရှာဖွေရာ ရဲထက်ကျော်(ခ)ကျန်ချင်ဟိန်းနှင့်ဟိန်းဆွေ(ခ)ကွမ်ထုန်(ခ)ကတုံး တိုအား အိုက်စ်(၃ ကီလို)၊ စိတ်ပြောင်းဆေးဝါး ကက်တမင်း(၀ ဒသမ ၉ ကီလို)၊ ၁၂ ဗိုသေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၉ ခု၊ ကာဘိုင် ၄ လက်၊ AK-47 ၉ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၄ ခု၊ ပစ္စတိုအသံတိတ်ကိရိယာ ၃ ခု၊ ဆက်စပ်ကိရိယာများနှင့်ကျည်မျိုးစုံ ၂၂၀၀ တောင့်တိုကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများများအား ရှမ်းပြည်နယ်မှကရင်ပြည်နယ်၊မြဝတီမြိုသို့ လက်နက်/ခဲယမ်းများအား ကရင်ပြည်နယ်၊မြဝတီမြို့မှရှမ်းပြည်နယ်၊လားရှိးမြို့သို့ သယ်ဆာင်မည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများ၊လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here