သုံးလကြာပြီးနောက် ရုရှားသို့ သံအမတ် ပြန်လည်စေလွှတ်ရန် အမေရိကအတည်ပြုလာ

0
171

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၂

ယူကရိန်း စစ်ပွဲကြောင့် တင်းမာမှုများ မြင့်တက်လာပြီးနောက် သုံးလကြာ လစ်ဟာသွားသော ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်နေရာကို ရုရှားစကားပြောသံတမန်တစ်ဦးကို သံအမတ်ကြီးခန့်အပ်၍ စေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်က ဒီဇင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။

ယခုလက်ရှိ အာမေးနီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော လင်းထရေစီကို အထက်လွှတ်တော်က ထောက်ခံမဲ ၉၃ မဲနှင့် ကန့်ကွက်မဲ ၂ မဲ ဖြင့် အတည်ပြုခဲ့သည်။

ထရေစီသည် ယခင်က ရုရှားသံရုံးတွင် ဒုတိယ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ဖူးသူလည်း ဖြစ်သည်။

ထရေစီသည် စက်တင်ဘာလက ဇနီးဖြစ်သူ နာမကျန်းမှုကြောင့် အနားယူသွားသော ဂျွန် ဆူလီဗန်၏ နေရာကို အစားထိုးတာဝန်ယူရမည် ဖြစ်သည်။

“ဒီရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကို ပူတင်က ရှေ့ဆက်တိုးနေချိန်မှာတောင် အမေရိကကတော့ မော်စကိုမှာ ငါတို့ကို ကိုယ်စားပြုပေးနိုင်မယ့် သံအမတ်ကြီးတစ်ယောက်ကို လိုအပ်နေပါတယ်” ဟု အထက်လွှတ်တော်အမတ် နိုင်ငံခြား ဆက်ဆံရေးကော်မတီကို ဦးဆောင်နေသည့် အထက်လွှတ်တော်အမတ် ဘော့ မန်နန်ဒက်စ် ကဆိုသည်။

ထရေစီသည် ဂျော်ဂျီယာ၊ ကာဇက်စတန်၊ ကာဂျစ်စတန်နှင့် တာ့ခ်မင်နစ္စတန်တို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ပါကစ္စတန်တွင် တာဝန်ထမ်းဆောင်စဉ်က သူ၏ ကားကို သေနတ်သမား တိုက်ခိုက်ခဲ့မှုမှလည်း လွတ်မြောက်လာသူဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here